"ဒယ်ဒီ!! "
ဧည့်ခန်းထဲဝင်ဝင်ချင်း Liam က ဆော့နေတဲ့ အရုပ်တွေ အကုန်ပစ်ချပြီး ဝမ်ရိပေါ်ဆီကို လုံးကနဲ ပြေးလာတယ်။ ဘေးနားက ရှောင်းကျန့်ကို မဟုတ်ပဲ ဝမ်ရိပေါ်ကို မော့ကြည့်ပြီး ဒယ်ဒီ အော်နေတဲ့ ပေါက်စကြောင့် ဝမ်ရိပေါ်တင်မက ရှောင်းကျန့်ပါ ကြက်သေသေတယ်။
"Liam!! ဘာပေါက်ကရတွေ ပြောနေတာလဲ!! ဘယ်မှာ မင်းဒယ်ဒီရှိလို့လဲ!! "
"ဒီမှာလေ သားတို့ ဒယ်ဒီ!!"
ဝမ်ရိပေါ် ခြေထောက်ကို ဖက်တွယ်ပြီး သူ့ကို ဒါလေးတောင် မသိဘူးလားဆိုတဲ့ အကြည့်နဲ့ကြည့်တယ်။
What the .. !!
"Liam ... ဒါပါပါးဧည့်သည် ... လျှောက်ဆော့မနေနဲ့ ... Aiden ဒီမှာ မင်းညီကို လာခေါ်ဦး"
ဝမ်ရိပေါ် ခြေထောက်ကို ရေဘဝဲလို အတင်းဖက်တွယ်ထားတဲ့ Liam ကို ဆွဲခွာရတာ သူ ချွေးပါစို့လာတယ်။ မနိုင်တဲ့အဆုံး Aiden ကိုပဲ အော်ခေါ်ရတော့တယ်။
အမွှာနှစ်ယောက်မှာ Liam က မျောက်ရှုံးသလောက် Aiden ကတော့ လူကြီးပေါက်စလေးလိုပဲ။ ဉာဏ်လည်း သိပ်ကောင်းပြီး အမှန်ဝန်ခံရရင် သူ့ထက်တောင် တည်ငြိမ်သေးတယ်။
Aiden က ဖြစ်နေတာဟာ သူနဲ့ မဆိုင်သလိုပဲ ဆိုဖာအစွန်းမှာ ခြေချိတ်ထိုင်လို့ ပေါင်ပေါ်မှာ ရုပ်ပြစာအုပ်ကိုဖြန့်ထားပြီး အေးဆေးဖတ်နေတယ်။ မျက်နှာသေးသေးနဲ့ မမျှ ရှောင်းကျန့်ရဲ့မျက်မှန်ကိုလည်း ယူတပ်ထားသေးတာ...။
"ပါပါး ဆရာမကပြောတယ်။ လိမ်တာမကောင်းဘူးတဲ့။ မလိမ်ရဘူး ပါပါးရဲ့ ..."
မျက်မှန်ကိုင်းကြီးကို ပင့်ပြီး ပြောလာတဲ့ Aiden က ကျောင်းအုပ်ဆရာကြီးVibeနဲ့ ... ။
ဘာတုန်း !! ဘာတုန်း!! ဘာတွေတုန်း!!
ဒီသတ္တဝါလေးတွေ ဘာတွေပြောနေကြတာတုန်း!!"ပါပါးက ဘာကို လိမ်လို့လဲ?"
သူက အူလည်လည်မေးတော့ Aiden က ခေါင်းကို သာသာခါတယ်။ ရုပ်ပြစာအုပ်ကို ပိတ်တယ်။ မျက်မှန်ကို ချွတ်ပြီး မျက်ရိုးကို လက်နဲ့အသာဖိတယ်။ ထုံအအ သူ့ကြောင့် ခေါင်းကိုက်ရပါတယ်ဆိုတဲ့ အထာနဲ့ ... ။
![](https://img.wattpad.com/cover/275747574-288-k893909.jpg)