အိပ်ရာထဲမှာ လှဲနေပေမယ့် Leo အိပ်မပျော်...။
လွန်ခဲ့တဲ့ငါးနှစ်ကစတဲ့ ညအိပ်မပျော်တာက အခုတော်တော်ဆိုးနေပြီ။ အရက်ပြင်းပြင်း ဒါမှမဟုတ်ရင် အိပ်ဆေးပြင်းပြင်းမှ မပါရင် လုံးဝမအိပ်ပျော်တော့ဘူး။Vodka တစ်ခွက်လောက် မော့ဖို့အတွေးနဲ့ ထလိုက်တော့ ကိုယ်က ဧည့်သည်ခန်းထဲမှာမှန်း သတိရတယ်။
Liquor တွေက သူ့အခန်းထဲမှာပဲ။တိတ်တိတ်လေး ခြေဖော့နင်းလျှောက်လာခဲ့ပြီး အခန်းတံခါးကို သာသာလေး ဖွင့်လိုက်တယ်။
အိပ်ပျော်နေရင် နိုးသွားမှာ စိုးလို့ ... ။ဒါပေမယ့် မြင်လိုက်ရတဲ့ မြင်ကွင်းက ထင်ထားတာနဲ့ တစ်ခြားစီပဲ။
Seanက စားပွဲပေါ်မှာ ဒူးတစ်ဖက်ထောင်ထိုင်နေပြီး ဝိုင်ကို ပုလင်းလိုက်မော့နေတယ်။ ဘေးနားမှာ ပုလင်းအခွံတွေလည်း အများကြီးပဲ။
သူများအိမ်မှာအိပ်ရလို့ အနေရခက်နေပုံ လုံးဝမပေါ်...။ သူ့အိမ်သူ့ရာလိုပဲ စိတ်ထင်သလိုကို နေနေတာပါလား။
ညအိမ်မီးမှိန်မှိန်လေး အောက်မှာ မျက်ဝန်းနက်တွေက ရီဝေဝေ ... ။ ဆံနွယ်နက်နက်တွေကလည်း ကျောပေါ် ဖြာကျနေတယ်။ ပါးပြင်နှစ်ဖက်ကတော့ ပန်းနုရောင်ပြေပြေလေးသန်းလို့ ... ။
သေချာတယ် .. မူးနေပြီ!
"Sean ... "
သူ့အသံကြားတော့ ရီဝေနေတဲ့ မဟူရာမျက်ဝန်းတွေက သူ့ကို ကြည့်လာတယ်။
"Oh! ဝမ်ရိပေါ်ပဲ "
အာလေးလျှာလေးနဲ့ ပြောတယ်။ ပြီးတော့ ထောင်ထားတဲ့ ဒူးတစ်ဖက်ပေါ် ခေါင်းလေးတင်လို့ ဝိုင်ပုလင်းကို လှုပ်တယ်။ တစ်ငုံထပ်သောက်တယ်။
"မင်း မူးနေပြီ Sean ...
ထပ်မသောက်နဲ့တော့"ဝိုင်ပုလင်းကို လက်ထဲက လုပြီး စားပွဲပေါ်ချလိုက်တယ်။
Sean က ခေါင်းလေးစောင်းလို့ သူလုပ်သမျှလိုက်ကြည့်နေတယ်။ သူနဲ့အကြည့်ဆုံတော့ တဟီးဟီးရယ်ပြတယ်။
"မင်းသောက်တာများနေပြီ အိပ်တော့ ! ညလည်းနက်နေပြီ"
"အွန်...အိပ်ရမယ်? "
