26.

4.4K 336 70
                                    


"ရှောင်းကျန့် ... မင်းသောက်ရှုပ်ထုပ်တွေက ငါဝင်မပါပဲနေလို့ကို မရဘူးလား"

ကျည်ထွက်လာရာ ခန်းမအဝင်ကနေ လှမ်းအော်ဆဲတဲ့ အသံက လူမမြင်ရခင် အရင်ကြားရတယ်။

Isabella က ကျည်ထုတ်ချင်းပေါက်သွားတဲ့လက်ကောက်ဝတ်ကို ကိုင်ရင်း ဒူးထောက်လျက်သား...။

Jay က Leo ပြုတ်ကျသွားတဲ့ နေရာကို အပြေးသွားတယ်။

ရှောင်းကျန့်ကတော့ နေရာမှာတင် အတောင့်လိုက်ရှိနေတုန်း...။ Black က သူကိုအသာထူပြီး Isabella ကို တပည့်တွေကို သွားချုပ်ခိုင်းလိုက်တယ်။

ရုန်းကန်မနေဘဲ တစ်ချိန်လုံး အော်ရယ်နေတဲ့ Isabella James က မရုန်းကန်ဘဲအချုပ်ခံတယ်။

မနည်းထထိုင်နေရတဲ့ကြားကနေ ရှောင်းကျန့်က သူ့ခါးက သေနတ်ကို ဆွဲယူသွားပြီး Isabella ကို ပစ်သတ်ဖို့လုပ်လာလို့တော့ Black က မနည်းထိန်းထားလိုက်ရတယ်။

"အားကျန့် ... မင်းကိုမင်း ထိန်းစမ်း။ ဒီမိန်းမအတွက် သေတာက သူ့ကို သက်ညှာရာကျလွန်းတယ်။ သူ့အတွက်ရှင်နေရတာ ငရဲဖြစ်အောင် ငါက လုပ်မှာမို့ ကိုယ့်ကိုယ်ကိုယ်သာ သောက်ကျိုးနည်း အရင်ဂရုစိုက်စမ်းပါ"

ဖြူဖျော့နေတဲ့မျက်နှာရယ် တုန်ယင်နေတဲ့ခန္ဓာကိုယ်ရယ် ရဲရဲနီနေတဲ့ မျက်ဝန်းတွေရယ် ... အသက်ရှုနှုန်းကလည်း မမှန်ချင်တော့...။ ဒီအခြေအနေနဲ့တောင် မျက်ဝန်းတွေက တစ်နေရာတည်းကနေ မရွေ့ဘူး။

သူဆဲသမျှကို ငြိမ်ခံနေတော့လည်း Black မှာ မနေတတ်ချင်တော့...။ သူ့ကို ဘုကလန့်မပြောတဲ့ ရှောင်းကျန့်ဆိုတာ ပုံမှန်ရှောင်းကျန့်မှ မဟုတ်တာ...။

"မင်းလင်သေရင် တစ်ခါတည်းလိုက်သေမလို့ဆိုလည်း ငါ့ကွယ်ရာသွားသေစမ်း။ငါ့မျက်စိရှေ့မှာ သေတော့မယ့်အခွက်ကြီးလုပ်မနေနဲ့"

သွေးထွက်နေတဲ့ ဒဏ်ရာတွေကို သေနတ်ဒဏ်ရာတွေကို သွေးထွက်နည်းအောင် စည်းပေးရင်းကနေ စိတ်ကမရှည်ချင်တော့...။ ဒီပုံအတိုင်းဆို Leo Raizel သေမသေ မသိပေမယ့် ဒီအချစ်ရူးက အရင်သေတော့မှာ...။

ဂုတ်ကဆွဲလို့ ရဟတ်ယာဉ်ပေါ် တစ်ခါတည်း ပစ်တင်ပေးလိုက်ချင်တော့တာပဲ!!

𝖬 𝖤 𝖳 𝖠 𝖭 𝖮 𝖨 𝖠Donde viven las historias. Descúbrelo ahora