"ခွီး အဟားဟား... ဆောရီးကွာ... ငါရယ်ဖို့မတွေးထားပေမယ့်... အဟားဟား ဟားဟား..."
ဆိုဖာပေါ်မှာ အူနှိပ်ပြီး အားရပါးရအော်ရယ်နေတဲ့ Sean ကို Black က မကြည်ကြည့်နဲ့ကြည့်တယ်။
မျက်နှာတစ်ခုလုံး အညိုအမည်းစွဲဖူးရောင်နေအောင် အတွယ်ခံထားရတာမို့ အဲ့လိုကြည့်တာ ကြောက်စရာမကောင်းပဲ ပိုလို့တောင် ရယ်ချင်စရာကောင်းလာသေးတယ်။
"Black ရာ... မင်းအခွက်ကြီးကြောင့် ငါတကယ်တောပါထွက်ချင်သွားတယ် သိလား .... "
သူ့မှာ ရယ်ရလွန်းလို့ မျက်ရည်ပါကျတယ်။
မနေ့က ပွဲမှာ သကောင့်သားက အသောက်များပြီး Jay Raizel ကို မူးမူးနဲ့ သွားနမ်းမိပါသတဲ့...။
ဟိုက လက်သန်ပြောင်ပြောက်နဲ့ တွယ်ထည့်လိုက်တော့ ဖူးရောင်ကွဲပြဲပြီး ပန်ဒါရုပ်ဖြစ်လာရော...။သူတို့နှစ်ယောက် လိုက်သတ်ခံနေရတဲ့အချိန်တွေ .. အာဖဂန်ဘက်မှာ အောက်ခြေကစ ရုန်းကန်နေရတဲ့အချိန်တွေမှာတောင် Black ကို ဒဏ်ရာရအောင်လုပ်နိုင်တဲ့သူဆိုတာ မရှိသလောက်ပဲ။
ငါးနှစ်လောက်ကြိတ်ကြိုက်လာတဲ့ crush နဲ့တွေ့မှ အပီအပြင်ကို ခံလာရတော့တယ်။ပြင်သစ်အနမ်းလို အကြမ်းစားပြင်းရှရှတွေလည်းမဟုတ်... ။ ပါးသွားနမ်းပြီး ဒီအခွက်ဖြစ်လာမှတော့ ဘယ်သူကမရယ်ပဲနေနိုင်မလဲ။
တွေးလေလေ ရယ်ချင်လေလေ...။Blackက ဘယ်သူမှ မကပ်ရဲလောက်အောင် ဒေါသကြီးလွန်းလို့ ဒီတစ်သက် ငှက်ပျောတုံးဖက်သေရမယ့်ကောင်လို့ပဲ လူတိုင်းက ထင်ထားကြတာ။
သူက Las Vegas သွားပြီး Love At First Sight ဖြစ်လာမယ် ဘယ်သူက ထင်မလဲ။ နှလုံးသားရေးမှာ မူကြိုကလေးအဆင့်နဲ့ Black က အချစ်ကို ထိတွေ့မိတော့ ကြားမကောင်းတာတွေဖြစ်ကုန်ရော...။
သကောင့်သားဟာ ပိုးပန်းရမယ့်အဆင့်တွေအကုန်ကျော်ပြီး တစ်ဖက်လူကို အပီဖမ်းချုပ် အဖြေတောင်းရင်း ကွဲပြဲနေအောင် နမ်းလွှတ်လိုက်ပါသတဲ့။
ဟိုကသူ့ကို ဝက်ခေါင်းဖြစ်အောင် ဆော်လွှတ်လိုက်တာလည်း မပြောနဲ့။
ဒီကောင်က ငစား...။"ရယ်နေရင်း သေလည်းသွားဦးမယ်။တော်တော့ ငနွား .. ငါတွေ့တာနဲ့ ကောက်ပေါက်ထည့်လိုက်တော့မယ်"