ဟောင်ကောင်ရဲ့ ညခင်းဟာ မြို့ပြပီပီပဲ တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိ ... ။ လမ်းဘေးမှာ လူမရှင်းသေးသလို လမ်းပေါ်မှာလည်း ကားရှုပ်ဆဲ ... ။
မျက်စိနောက်လောက်အောင် ဥဒဟို သွားလာနေတဲ့ ကားမီးရောင်တွေကြားမှာ အနက်ရောင် Bently က ကားတစ်စီးပြီးတစ်စီးကျော်တက်ပြီး အရှိန်နှုန်းအပြည့်နဲ့ တရိပ်ရိပ်ပြေးနေတယ်။
မလှမ်းမကမ်းမှာလည်း ခဲရောင်Land Rover က မိုင်ကုန်မောင်းပြီး မနည်းမှီအောင် လိုက်နေရတယ်။
"ဒီခွေးသားလေးက နွားလိုကိုမောင်းနေတော့တာပဲ!! Fu*k!"
ကားနောက်တစ်စီးကို ကျော်တက်ပြီး လမ်းကြားထဲ ရှေ့မကြည့်နောက်မကြည့်ကွေ့သွားလို့ ဖြတ်တိုက်ခံရမတတ်ဖြစ်သွားတဲ့ Bently ကို ကြည့်ရင်း Jay က တိုးတိုးဆဲတယ်။
သူ့တူတော်မောင်က တစ်ယောက်သောသူနဲ့ ပတ်သတ်လာရင် စဉ်းစားဆင်ခြင်နိုင်စွမ်းမဲ့တဲ့ ကျားသစ်ရူးတစ်ကောင်ဖြစ်သွားတော့တာပဲ။
ရှောင်းကျန့်က Aiden နဲ့ Liam ကို ပြန်ပေးဆွဲခံရတဲ့နောက်တစ်ယောက်တည်းလိုက်သွားတယ်ကြားကတည်းက သူ အဲ့ဒီသတ္တဝါလေးကို ထိန်းမရတော့တာ ... ။
ရှောင်းကျန့်ထိခိုက်မှာစိုးရိမ်တာနဲ့တင် IQ တွေအကုန် ခွေးစားခံလိုက်ရပုံပဲ။
တည်ငြိမ်ပြီးအေးစက်လွန်းတဲ့ Leo Alastair Raizel ကနေ သွေးဆူလွယ်ပြီး တဇွတ်ထိုးမိုက်ရူးရဲသလို ဒေါသလည်းကြီးတဲ့ ဝမ်ရိပေါ်အဖြစ်ပြောင်းသွားတာ စက္ကန့်ပိုင်းတောင် မကြာဘူး။
အဲ့လိုပြောင်းသွားတာ ကိစ္စတော့ ရှိလှတာ မဟုတ်ပေမယ့် စိုးရိမ်လွန်ပြီး ဒေါသပါထွက်နေတဲ့ ဝမ်ရိပေါ်က အပြင်ထွက်ခါနီး ဆောင့်ကန်သွားတာ ဧည့်ခန်းထဲက သူ့အကြိုက်ဆုံးစားပွဲလေးခဗျာ အကျိုးကျိုးအပဲ့ပဲ့နဲ့ ဘဝပျက်သွားပါရော ... ။ အဲ့ဒီစားပွဲက သူကိုယ်တိုင် Pottery ban ကနေ အထူးမှာထားတဲ့ Customized အသစ်စက်စက်လေးလို့ ... ။
ပြန်တွေးရင်း စိတ်တိုလာသလို ပုံချစရာလည်း မရှိတာကြောင့် ကားမောင်းနေတဲ့ အမျိုးသားကိုပဲ ပိတ်အော်လိုက်ပါတယ်။