"Damn! ဝမ်ရိပေါ် မင်းဘယ်ရောက်သွားတာလဲ"
ရှောင်းကျန့် နိုးနိုးချင်း မြင်ရတာကတော့ သူ့ဘေးနားက ကွက်လပ်ကိုပဲ။ ဝမ်ရိပေါ်က ဘယ်အချိန်က ထသွားလဲ သူမသိဘူး။
လူကို လုပ်ချင်ရာလုပ်ပြီး သူ့ရည်းစားဆီ ထပြန်သွားတာတော့ မဟုတ်ဘူးမလား?
ရေထချိုးပြီးတော့ တွေ့ရာကောက်ဝတ်လိုက်တယ်။ သူ့ဆံပင်တွေကို ခြောက်အောင်သုတ်နေဖို့ထိ စိတ်ကမရှည်တာမို့တဘက်တစ်ထည်ပဲ ပခုံးပေါ်ကောက်တင်ခဲ့လိုက်တယ်။ ဟာနေတဲ့ အစာအိမ်က ဆန္ဒပြနေပြီမို့ တစ်ခုခုစားဖို့တော့လိုနေပြီ။
"ဒယ်ဒီ ... သားကို နွားနို့ထပ်ထည့်ပေးဦး။ Liam လုသောက်သွားလို့ ... "
ထမင်းစားခန်းထဲ ဝင်ဝင်ချင်း ကြားရတာက Aidenရဲ့ အသံစာစာ ... ။ မြင်နေရတဲ့ မြင်ကွင်းကတော့ ဘယ်လိုပြောရမလဲ .. တစ်မျိုးကြီးပဲ ။
Liam က သူ့စက်ရုပ်တွေနဲ့ အလုပ်များနေပြီး Aidenက တစ်လုံးမှနားလည်တာလည်းမဟုတ်ပဲ သူ့ရုပ်ပြစာအုပ်ကြီးကို ပြူးပြဲဖတ်နေတယ်။ ဝမ်ရိပေါ်က ဘေးနားကနေ မနက်စာလိုက်ကျွေးနေရတာ...။
အစေခံတွေအများကြီးနဲ့ အင်္ကျီတောင် ကိုယ်တိုင်ဝတ်စရာမလိုပဲ နေလာခဲ့ရတဲ့ Raizel သခင်လေးကို ဒီမျောက်နှစ်ကောင်က ခိုင်းစားနေတယ်။
"Aiden!! Liam !! မင်းတို့နှစ်ကောင် ဘာလို့ ရိပေါ်ကို သွားဒုက္ခပေးနေတာလဲ။ မင်းတို့နာနီကို ကျွေးခိုင်း"
"ဒယ်ဒီ .. သားတို့က ဝသွားပြီ။ ပါပါးကိုပဲ ခွံ့ကျွေးလိုက်တော့နော် မဟုတ်ရင် ပါပါးက သားတို့ကို ထပ်အော်နေလိမ့်မယ်"
Aiden က တိုးတိုးလေးကပ်ပြောပြီးတော့ ခုံပေါ်က လျှောဆင်းချသွားတယ်။
နာနီလက်ထဲက ကျောပိုးအိတ်ကို ယူပြီးတော့ Liam ကိုပါ လက်ဆွဲခေါ်တယ်။"ပါပါးနဲ့ဒယ်ဒီ တာ့တာ ... သားတို့ မူကြိုသွားပါတော့မယ် ။ မနေ့ကလို လုံးသတ်မနေပဲ တည့်တည့်ရှုရှုချစ်ချစ်ခင်ခင်နေကြပါနော်"
ပြောပြီးတာနဲ့ ရှောင်းကျန့် ဘာမှထပ်မဆိုနိုင်သေးခင် အမွှာနှစ်ယောက်က ထမင်းစားခန်းထဲက လုံးခနဲထွက်ပြေးသွားတော့တယ်။
