ဟောင်ကောင်ရဲ့ ဆောင်းရာသီက နယူးယော့နဲ့ ယှဉ်ရင် အတော်ခြောက်ကပ်ကပ်ပဲ။ နှင်းတစ်စက်လေးတောင်မကျဘူး။
Black ဝယ်ထားတာက မိုးမျှော်တိုက်ခန်းရဲ့ အပေါ်ဆုံးထပ်မို့ တစ်မြို့လုံးကို အပေါ်စီးကမြင်နေရတယ်။
မီးရောင်တွေထိန်နေပေမယ့် အထီးကျန်ချင်စရာကြီး...။Seanက မှန်သားအပြည့်နဲ့ တည်ဆောက်ထားတဲ့ ဧည့်ခန်းနံရံကို နဖူးနဲ့ ဖြေးဖြေးတိုက်ရင်း ကျိန်ဆဲနေတယ်။
"အကြံပက်စက်တဲ့အယုတ်တမာကောင် ...
တစ်သက်လုံး Crush ပြန်ကြိုက်တာ မခံရမယ့်ကောင် ..
အကျင့်မကောင်းတဲ့ အမှိုက်လိုအစ်ကို..."ဘယ်လောက်သောက်ကျင့်ယုတ်လိုက်လဲ။
ဗီယက်နမ်ဘက်ကို လက်နက်အရောင်းအဝယ်ကိစ္စသွားရမှာကို သူ့ကို လွှတ်သတဲ့။ဘယ်တုန်းကမှ အသေးစားအရောင်းအဝယ်သမားတွေနဲ့ အပေးအယူလုပ်တာမျိုးမရှိခဲ့ပဲ ဒါသူ့ကို ဝမ်ရိပေါ်ဆီပြန်မရအောင် သက်သက် လုပ်တာ ... ။
"Black ... မင်းပဲ သွားလိုက်ကွာ! ငါမသွားချင်ဘူးလို့ ။ ငါ နယူးယော့ကို ပြန်ရဦးမှာလို့"
Sean ပြောနေတာကို မကြားသလိုပဲ Blackက အသားတုံးတွေတစ်တုံးပြီး တစ်တုံး သိမ်းငှက်ကို ပစ်ကျွေးနေတယ်။
"ဟေ့ကောင်... မကြားချင်ယောင်ဆောင်ချင်တာနဲ့ လှိမ့်ကျွေးမနေနဲ့...။ ငါ့ကောင်က ကြာရင် တောင်ပံပေါက်နေတဲ့ အမွှေးပွဝက်ဖြစ်တော့မယ်"
"ငါ့ကလေးက ဆာနေတာကို။
ကြည့်လေ..ကောင်းကောင်းစားနေတာပဲကို""ဘာ မင်းကလေးလဲ ။ Ake အဲ့ကောင်ကို ကုတ်ဆွဲထည့်လိုက်စမ်းပါ"
Akeက သူ့ရဲ့ Golden Eagle ... ။ လက်နက်ပွဲစားတစ်ယောက်ဆီက လက်ဆောင်ရထားတာ...။ ဒီသိမ်းငှက်ကို ဒီအခြေအနေထိ ယဉ်ပါးအောင် ကျင့်ဖို့ သူအချိန်အတော်ယူလိုက်ရတယ်။
သိတဲ့အတိုင်း သိမ်းငှက်ဆိုတဲ့အမျိုးက သိပ်ကို အန္တရာယ်ကြီးတဲ့ငှက်အမျိုးအစား ... ။ လက်သပ်မွေးဖို့ မသင့်တော်တဲ့ အရိုင်းဆန်ဆန်အသားစားသတ္တဝါ ... ။
ဝံပုလွေကိုတောင် အသာလေးကုပ်သွားနိုင်တဲ့ သန်မာတဲ့လက်သည်းကြီးတွေနဲ့ ... ။ အခန့်မသင့်ကုတ်ဆွဲခံရရင် သေရာပါ အမာရွတ်ကြီးရပြီ မှတ်ပေတော့ ... ။