19.

5.8K 539 148
                                    

ဩစတေးလျရဲ့ မြို့တော် Vienna ... ။

စာပေ ၊ ဂီတ နဲ့ သိပ္ပံပညာရပ်များ ထွန်းကားရာ တောင်ဘက်ပိုင်းရဲ့ Parris ... ။

ဂန္တဝင်ဂီတ မြို့တော်အဖြစ်တင်စားခံရတဲ့ ဒီမြို့မှာ ကမ္ဘာပေါ်က နေရာအများစုမှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ၁၈ ရာစုနဲ့ ၁၉ ရာစုက ဂန္တဝင်ဂီတရဲ့ ရိုးရာတွေရှိနေဆဲပဲ ။

Viennese Ball တွေဟာ Vienna မှာ စွဲထင်ကျန်ရှိနေဆဲ ရိုးရာတွေထဲက တစ်ခု ... ။ နှစ်တိုင်း ဆောင်းရာသီဆိုရင် Vienna မှာ လေးရာထက်မနည်းတဲ့ Ball တွေ ကျင်းပတယ်။

ကမ္ဘာ့အလှဆုံးကပွဲအဖြစ်ကျော်ကြားတဲ့ Opera Ball ၊ Concordia Ball ၊ Coffee Maker Ball လို ကပွဲတွေကတော့ လက်မှတ်တစ်စောင်ရဖို့တောင် ခက်ခဲတယ်။ အဲ့လိုနာမည်ကြီးကပွဲတွေက လူစည်ကားလှတယ် ဆိုပေမယ့် တခြားကပွဲတွေမှာ လူနည်းတယ်လို့တော့ မဆိုလိုဘူး။

"ချန်းယွီ မင်း ရှိုးထုတ်နေတာ မပြီးတော့ဘူးလား "

​အပြောင်သိမ်းထားပြီးသား ဆံပင်ကို အတင်းနောက်ကိုလှန်တင်နေတာ အခါနှစ်ဆယ်ကျော်နေပြီမို့ မျက်စိနောက်နောက်နဲ့ ရှောင်းကျန့် ထအော်လိုက်တော့ ချန်းယွီက ပခုံးတွန့်ပြတယ်။

Noah က သူ့ကောင်လေးရဲ့ စိတ်ကျန်းမာရေးအခြေအနေက ဆိုးလာပြန်တာမို့ ဟောင်ကောင်အမြန်သွားပြန်လိုက်ရတယ်။ ယွီပင်းကလည်း အမွှာနှစ်ကောင် အထိမ်းအမှတ်နေရာတွေ လျှောက်လည်နေတာကို စောင့်ရှောက်ဖို့ လိုက်သွားတာမို့ ထိန်းမရသိမ်းမရ ချန်းယွီတစ်ယာက်ပဲ သူတို့နဲ့ကျန်နေခဲ့တာ ... ။

ဒီညမှာ Vienna သူ မဒီလေးတစ်ယောက်ကို ကြင်သူသက်ထားအဖြစ် အပီကြံမလို့ ဆိုတဲ့ ဆယ်ကျော်သက်လေးကို ကြည့်ရင်း သူခေါင်းပါ ကိုက်ချင်လာရော ... ။

ချန်းယွီက ကလေးရုပ်လေးနဲ့ ဖြူဖြူဖွေးဖွေး သေးသေးညှက်ညှက်လေး ... ။ လုံးကြီးပေါက်လှ Viennese အမျိုးသမီးတွေနဲ့ဆို သားအမိလို့ ထင်ခံရလောက်ပြီး ကိုယ့်ရည်းစားမျက်နှာမြင်ရဖို့အရေး လှေကားထောင်ကြည့်ရမယ်။

ဒါပေမယ့် ပြောလည်းနိုင်မှာ မဟုတ်လို့ လွှတ်ပေးထားလိုက်တယ်။ သူတို့အဖွဲ့ထဲမှာ ချန်းယွီကို နိုင်တာဆိုလို့ Black နဲ့ Noah ပဲရှိတာ ... ။

𝖬 𝖤 𝖳 𝖠 𝖭 𝖮 𝖨 𝖠Where stories live. Discover now