ဂရိနတ်ဘုရား အတ္တလက်စ်ရဲ့ နာမည်ကနေ ဆင်းသက်လာတဲ့ အတ္တလတ္တိတ်သမုဒ္ဒရာ ... ။
စတုရန်းကီလိုမီတာပေါင်း သန်းတစ်ရာကျော် အတိအကျပြောရရင် 106,460,000 အကျယ်ရှိပြီး ကမ္ဘာမြေမျက်နှာပြင်ရဲ့ ၂၀% နီးပါးကို လွှမ်းမိုးထားတဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံးသမုဒ္ဒရာ ... ။
အဲ့လို သမုဒ္ဒရာကြီးထဲမှာ ကိုယ်ပိုင်ကျွန်းသေးသေးလေးတစ်ခုရဲ့ ကိုဩဒိနိတ်အတိအကျကို ရှာဖွေရတယ်ဆိုတာကိုယ့်ကိုယ်ကိုယ် အတော်ဆုံးပါခံယူထားတဲ့ ချန်းယွီလို လူတစ်ယောက်အတွက်တောင် အချိန်အတော်ယူရတာပဲ...။
ဒီသမုဒ္ဒရာထဲမှာ ရှိတဲ့ Raizel မိသားစုနဲ့ James မိသားစုအပိုင်ကျွန်းတွေကလည်း ဆယ်ကျွန်း ကျွန်းနှစ်ဆယ်မက ... ။ ပြီးတော့ Satellite ကနေ တိုက်ရိုက်စောင့်ကြည့်မှုကိုပါ လွန်ခဲ့တဲ့တစ်လက ကျွန်းအခြေအနေတွေနဲ့ အစားထိုးထားတာမို့ သူ့အဖို့ Pentagon ရဲ့ ထိပ်သီးထိန်းချုပ်ရေးစခန်းတွေကို Hack နိုင်ရင်တောင် အသုံးမဝင်ဘူး။
ဒီလိုမျိုး Satellite က ပို့တဲ့ အချက်အလက်တွေကိုပါ ပြောင်းလဲထားဖို့ဆိုတာ တော်ရုံတန်ရုံနည်းပညာရှင်လုပ်လို့ ရတာမျိုးမဟုတ်...။
ဆိုင်ဘာလုံခြုံရေး အတင်းကြပ်ဆုံးဆိုတဲ့ ထိန်းချုပ်ရေးစခန်းက Server တွေရဲ့ encode အထပ်ထပ်ကို ရေစိမ်ခံထားရတဲ့ နူးပွပွစက္ကူကို လက်နဲ့ဖောက်သလို အသာလေးဖောက်နိုင်တဲ့သူလောက်တော့ ဖြစ်မှ ... ။
ဒီလိုပညာရှင်မျိုးကိုတောင် စီစဉ်ထားနိုင်မှတော့ Raizel သခင်လေးက James မိသားစုကို အပျောက်ဖျောက်ဖို့ မနေ့တစ်နေ့ကမှ ထစီစဉ်ခဲ့ပုံတော့မရ ... ။
အခု သင်္ဘောထိန်းချုပ်ခန်းထဲမှာ ငုတ်တုတ်လေးထိုင်ရင်း ချန်းယွီက Laptop ကနေ အကြည့်တစ်ချက်တောင် မလွှဲနိုင်ဘူး။ keyboard ပေါ်မှာလည်း လက်ချောင်းတွေက အမြန် ပြေးလွှားနေသေးတယ်။
အခုကျွန်းတည်နေရာကို သိပြီမို့ ဂြိုလ်တုကတစ်ဆင့် အဲ့ဒီကျွန်းရဲ့ စောင့်ကြည့်ရေးစနစ်ထဲ ဖောက်ဝင်ဖို့ကြိုးစားနေတာ...။
နေရာသိရင်ပဲ ရပြီကို အလုပ်ပိုနေရတာ ထိုင်မရထမရနဲ့ Black ကြောင့် ... ။ တော်တော်လေးမျက်စိနောက်သလို နားတွေလည်း ပူနေပြီ။