Dumb!
Dumbလို့ ပြောလိုက်ရင် ဘာကိုပြေးမြင်လဲ။
စကားမပြောနိုင်တဲ့ လူတစ်ယောက်?
နားဝင်ဆိုးအောင် ပြောရရင်တော့ အအတစ်ယောက်?
တချို့က မွေးရာပါ...။ တချို့ကတော့ စိတ်ပိုင်းဆိုင်ရာtrauma တစ်ခုခုကြောင့် စွံ့အသွားခဲ့တာမျိုး ... ။
ရှောင်းကျန့်က ဒုတိယတစ်မျိုး...။
အဲ့ဒီတုန်းက သူ့အသက်က ဆယ်နှစ်...။
စီးပွားရေးအရ ဆန္ဒမပါပဲ လက်ထပ်ခဲ့တဲ့ မိဘနှစ်ပါးက နေ့တိုင်းလို ရန်ဖြစ်တယ်။ မာမားရဲ့အော်ဟစ်သံတွေ၊ ပါပါးရဲ့ ပစ္စည်းပေါက်ခွဲသံတွေ အဲ့ဒါ သူနဲ့ ညီလေးရဲ့ ငယ်ဘဝပဲ...။
ပါပါးက မာမားကို မမြင်ချင်လို့ အိမ်မကပ်ဘူး။မာမားက အခန်းပိတ်ပြီး တစ်နေ့လုံးနီးပါး ငိုပဲနေတယ်။ အဆုံးတော့ လူကြီးတွေရဲ့ အတ္တတွေကြားမှာ ညီလေးနဲ့သူကပဲ မေတ္တာငတ်ရတယ်။
အချင်းချင်း တစ်ယောက်ကို တစ်ယောက်ပဲ ဂရုစိုက်ရင်း အဖော်ပြုရင်း ကြီးပြင်းခဲ့ရတာ...။ဒါကြောင့် ညီလေးနဲ့သူက သိပ်ချစ်ကြတယ်။
ပါပါးနဲ့သွားတူတဲ့ ညီလေးက သန်မာတယ်။ အားနည်းထိခိုက်လွယ်တဲ့ သူ့ရှေ့မှာ အမြဲရပ်တည်ပေးတယ်။ အမြဲကာကွယ်ပေးတယ်။ သူ့အတွက်တော့ မိဘနှစ်ပါးထက် ဒီညီလေးက ပိုအဖိုးတန်တယ်။
"ကျွန်မရှင်နဲ့မပေါင်းနိုင်တော့ဘူး ကွာရှင်းမယ်။ရှင်ဘာနစ်နာကြေးမှပေးစရာမလိုဘူး။ ကလေးတွေကို ကျွန်မခေါ်ထားမယ်။"
ညတစ်ညမှာ ကြားလိုက်ရတဲ့ စကားလုံးတွေ...။
အိမ်စေတွေနဲ့ တူတူပုန်းတမ်းကစားရင်း ဆိုဖာနောက်ရောက်နေကြတဲ့ သူတို့နှစ်ယောက်ကတော့ တောင့်ခနဲပဲ...။"အေး ကွာမယ်။ငါလည်း မင်းကို စိတ်ကုန်လှပြီ။ကလေးနှစ်ယောက်လုံးတော့ မင်းကိုမပေးလိုက်နိုင်ဘူး။ငါ့အတွက် အမွေဆက်ခံဖို့လူလိုသေးတယ်။ သားငယ်ကို ငါနဲ့ထားခဲ့"
"ပြီးရော...ကျွန်မသားကြီးကို ခေါ်ထားမယ်"
သူ့မျက်လုံးတွေ ဝိုင်းသွားတယ်။ မျက်ရည်တွေလည်လာတယ်။ ညီလေးကတော့ တိတ်ဆိတ်နေတယ်။
