Ivanရဲ့ ဖျော်ဖြေပွဲပြီးကတည်းက ရှောင်းကျန့် နုန်းနေတယ်။ ပင်ပန်းတာနဲ့ အိပ်ရေးပျက်တာတွေကြောင့် ပါမယ်။
သူ ဒီရက်ပိုင်း အိပ်လို့မပျော်ဘူး။
အပြင်သွားတိုင်း တစ်ယောက်ယောက်က လိုက်ကြည့်နေတဲ့ ခံစားချက်ကြီးရယ်...။ မာမားဖုန်းဆက်တုန်းက သိရတဲ့ သတင်းတစ်ခုရယ် အချိန်တိုင်း ခြောက်ခြားနေတော့တာပဲ။
ဝမ်ရိပေါ် သူ့အနားက ပျောက်သွားတဲ့နောက်မှာ သူ့ဘဝက ပိုပြီး တိတ်ဆိတ်အထီးကျန်ဆန်လာတယ်။
သူ့မှာ အပေါင်းအသင်း မရှိဘူး။
အမြဲတစ်ယောက်ထဲပဲ။
အလယ်တန်းကျောင်းပြီးကတည်းက သူငယ်ချင်း မထားတော့တာ။သူ့မှာ ဂီတပဲရှိတယ်။
ပျော်သည်ဖြစ်စေ ဝမ်းနည်းအထီးကျန်သည်ဖြစ်စေ စန္ဒယားပဲ အဖော်ပြုစရာရှိတယ်။နေ့နေ့ညည ဂီတခန်းထဲမှာပဲ အချိန်ကုန်တယ်။
သီချင်းတစ်ပုဒ် စပ်ဖြစ်ခဲ့တယ်။ဒီသီချင်းအတွက် ခံစားချက်တွေဟာ Venice ဆီကနေ မြစ်ဖျားခံတယ်။
မလိမ်တမ်းဝန်ခံရရင် အိမ်ကထွက်ပြေးသွားတဲ့ကြောင်ရိုင်းလေးဖို့ ...။
ကြားရင် အိမ်ပြန်လာမလားဆိုတဲ့ ရည်ရွယ်သေးသေးလေးနဲ့ ... ။ဝမ်ရိပေါ် သူ့ဆီလာနေတာ ခဏလေးပါပဲ။
ဒီတစ်လျှောက်လုံး တစ်ယောက်တည်းပဲ နေလာခဲ့တာ...။ အခု ပုံမှန်နေ့ရက်တွေဆီ ပြန်ရောက်သွားရတာပဲကို ဘာလို့ ဒီလောက်နေမရဖြစ်နေသလဲ သူလည်းမတွေးတတ်ဘူး။ဒီအတိုင်း ဝမ်ရိပေါ်ကို သူ့အနား ပြန်လာစေချင်တာပဲ သိတယ်။
စားပွဲပေါ်က ဖုန်းက တုန်ခါလာတယ်။
သူမသိတဲ့ နံပါတ်တစ်ခု...။Answer နှိပ်ရင်း နားနားကပ်မိတယ်။
ကြားရတဲ့အသံက အေးငြိမ်ငြိမ်လေး...။
သူ့ဘေးနား အရာရာဟာ ရပ်ဆိုင်းသွားတယ်။"ကိုကို ... ငါပါ "
*
*
*
Red Lagoon ... ။
အပေါ်ယံကတော့ ကလပ်တစ်ခုပေါ့။
မြေအောက်လောကနဲ့ ဆက်စပ်နေမှန်းတော့ လူနည်းစုပဲသိတယ်။