ဂျွန်လမို့ မိုးကခပ်အုံ့အုံ့ပဲ။တစ်လလုံးမှာ ပျမ်းမျှ၈ရက်လောက်ပဲ မိုးရွာတဲ့ Newyork...။
ကော်ဖီဆိုင်လေးက သေးသေးလေးနဲ့ နွေးနွေးလေး...။
မှန်သားပြတင်းထက်မှာ ခပ်ဖွဲဖွဲမိုးစက်တွေက သီးလို့...။ အပြင်အဆင်က Vintage ဆန်ဆန်နဲ့ ရိုးရိုးရှင်းရှင်းလေး...။
ရှောင်းကျန့်က ပြတင်းဘေးကစားပွဲမှာ ငြိမ်ငြိမ်လေးထိုင်နေတယ်။
မိုးဖွဲဖွဲလေးကို ငေးနေတယ်။ဝတ်ထားတဲ့ ဆွယ်တာအင်္ကျီက မီးခိုးရောင်ဖျော့ဖျော့လေး...။ ဆံနွယ်နက်နက်တွေကလည်း နဖူးပေါ်ဝဲကျလို့...။
မြင်နေရရုံနဲ့ ရင်ထဲ အေးချမ်းသွားတဲ့ အကြည်ဓာတ်လေး...။
သူ့ရှေ့မှာ အပြီးမသတ်ရသေးတဲ့ Music sheet တချို့ရှိနေတယ်။ ခွက်ထဲက Cappuccino ကတော့ အေးစက်လို့...။
တံခါးက ခေါင်းလောင်းသံက ချွင်ခနဲ...။ တစ်ဆက်တည်းပါလာတဲ့အသံကတော့ ဩရှရှ..။
"ကျန့်ကော.."ရှောင်းကျန့်က လှည့်မကြည့်ဘူး။ သူဒီနေ့ အရမ်းစိတ်ပင်ပန်းနေတယ်။ ဒေါသအရှင် ဝမ်ရိပေါ်နဲ့ ရန်ဖက်မဖြစ်နိုင်သေးဘူး။
သူ့ရှေ့က ခုံကို ဆွဲပြီး ဝင်ထိုင်လိုက်တဲ့ အသံကိုကြားတယ်။
"ကော..ဟို..အဆင်ပြေရဲ့လား"
သူပြန်မဖြေဖြစ်ဘူး။
ကိုယ့်ချစ်သူတစ်ယောက်လုံးကို မနက်စောစောမှာဟိုတယ်ထဲကနေ ကောင်မလေးတစ်ယောက်နဲ့ အတူထွက်လာတာ မြင်လိုက်ရတာ။ သူက ဘာမှမဖြစ်ပဲနေနိုင်မှာလားတဲ့...။
Kyle! မကောင်းတဲ့အကောင်!
သူ့ရင်ကတော့ နာမနေခဲ့ဘူး။
သုံးနှစ်ကျော်ဆက်ဆံရေးတစ်ခုမှာ Kyleက သူ့နှလုံးသားကို ဟောင်းလောင်းပေါက်တစ်ခုဖြစ်တဲ့အထိ တမြေ့မြေ့လောင်ကျွမ်းစေခဲ့တာ...။သူ့မှာ နာဖို့တောင် ဘာမှမကျန်ရှိတော့ဘူး။
'တွဲကြရအောင်'ဆိုတဲ့ စကားတစ်ခွန်းနောက်မှာ သူပုံပေးခဲ့တာက သူ့နှလုံးသားတစ်ခုလုံးပဲ။ ပြန်ရခဲ့တာက ဘာရှိလဲ။