Finale

5.5K 383 69
                                    

Venice ဟာ သူ့အဖို့တော့ အလှပဆုံးသော မှတ်ဉာဏ်တစ်ခု ... ။

လျှောက်လှမ်းခဲ့ဖူးတဲ့ လမ်းတွေကို ပြန်လျှောက်လှမ်းမိတော့ ပြန်မြင်ယောင်မိတာကအတိတ်ရဲ့ အရိပ်တွေ ... ။

Grand Canal တစ်လျှောက် WaterBus တစ်စီးရဲ့ ကုန်းပတ်မှာ ထိုင်လို့ လေလွင့်နေရင်း Gritti Palace ရှေ့ကို ဖြတ်မိတယ်။

မျက်လုံးထဲဝင်လာတာက ကောင်လေးနှစ်ယောက် ... ။ တစ်လောကလုံးကို ထီမထင်တဲ့မျက်နှာပေးနဲ့ ခေါင်းညိုလေးက အူလည်လည်အမျိုးသားတစ်ယောက်ကို လက်ဆွဲလို့ ဆိပ်ခံတံတားကနေ အရှိန်နဲ့ပြေးလာတယ်။ သူတို့နောက်မှာလည်း ဝတ်စုံပြည့်နဲ့လူတွေ တစ်ပြုံတစ်မကြီးနဲ့ ... ။

ကောင်လေးက သူ့ဘေးကလူကို ပွေ့ချီလို့ Water Bus ပေါ် လှမ်းခုန်တက်တယ်။ နောက်ကလူတွေ ရေထဲကျကုန်တော့ ပြုံးစိစိနဲ့ အကျေနပ်ကြီး ကျေနပ်နေတုန်း ဒေါက်ခနဲ ခေါက်ခံလိုက်ရတယ်။

သုန်သုန်မှုန်မှုန်နဲ့ ကောင်လေးက လက်ထဲကလူကို အောက်ချပေးတယ်။နောက်တော့ လက်ဆွဲလို့ အထဲဝင်သွားတယ်။

အကြည့်တွေက အပေါ်ထပ်ဆီရောက်ပြန်တော့ အဲ့ဒီကောင်လေးက သူ့ဘေးကလူကို သူ့ကုတ်အင်္ကျီကြီးထဲ ဆွဲသွင်းလို့ မာန်မဲနေတာကို ကြားရပြန်တယ်။

"အေးတယ်...ဒီအတိုင်းပဲနေ! မနေရင်တူးမြောင်းထဲပစ်ချခဲ့မှာ"

သူ သဘောတကျရယ်လိုက်မိလို့ မျက်လုံးတွေမှိတ်သွားမိတဲ့ခဏ ပုံရိပ်တွေက ပျောက်ကွယ်သွားခဲ့တယ်။

အဲ့ဒီအချိန်က ကျားသစ်နက်လေးက တကယ်ကို မချိုသာတတ်တဲ့ အရိုင်းကောင်လေးဖြစ်ခဲ့တာ ... ။

အခုချိန် သူတစ်ခုခုပြဿနာရှာရင်တောင် စကားတစ်ခွန်းမဆိုပဲ သည်းခံတတ်လာတဲ့ အေးစက်စက်အမျိုးသားကို တွေးမိတော့ ရင်ထဲ လှိုက်ခနဲ နာကျင်သွားရတယ်။

သူ့ဆီမှာ ဖန်လာခဲ့တဲ့ ကံကြမ္မာရိုက်ခတ်မှုတွေကြား ပျောက်ဆုံးခဲ့ရတာ သူတစ်ယောက်တည်း မဟုတ်ဘူး ထင်တယ်။

ဝမ်ရိပေါ်ဆီက ထွက်ပြေးလာပြီးတဲ့နောက် လက်စားချေလိုမှုတွေ နာကျင်မှုတွေကြား ပျောက်ဆုံးခဲ့ရတဲ့ သူ့ကိုယ်သူ ရှာချင်ခဲ့တာဆိုပေမယ့် အတိတ်မှာ သူ့ကိုဖွင့်မပြောပြခဲ့တဲ့ အဲ့ဒီအမျိုးသားရဲ့ ချစ်ခြင်းတွေကိုပဲ သူတွေ့တယ်။

𝖬 𝖤 𝖳 𝖠 𝖭 𝖮 𝖨 𝖠Where stories live. Discover now