7.

4.8K 642 86
                                    

Venice , Italy
Marco Polo Airport .. ။

ကိုယ်ပိုင်လေယာဉ်တစ်စီးက လေကြောင်းထိန်းချုပ်ရေးတာဝါက​နေ ခွင့်ပြုချက်ရတာနဲ့ ပြေးလမ်းပေါ် ဆင်းသက်လာတယ်။

​လေယာဉ်တံခါးဖွင့်လာတာနဲ့ ဝတ်စုံပြည့်လူတစ်စုက ဦးညွှတ်တယ်။

အရင်ဆုံးဆင်းလာတဲ့သူက Leo ... ။

မျက်နှာချောချောက အလိုမကျမှုနဲ့ တရားလွန်အေးစက်နေတယ်။

Kyle နဲ့ ပြတ်ပြီးတော့ ရှောင်းကျန့်က ဂီတဖျော်ဖြေပွဲတွေ အကုန်ဖျက်ပစ်တယ်။ ဘယ်မှလည်းမသွားတော့ဘူး။ နေ့နေ့ညညဂီတခန်းထဲမှာနေပြီး စန္ဒယားပဲ တီးနေတယ်။ ဘေးကနေ မကြည့်ရက်တော့လွန်းလို့ Veniceကို သူအတင်းဆွဲခေါ်လာတာ။

ခရီးထွက်လိုက်ရင် နာကျင်မှုတွေကို ခဏဖြစ်ဖြစ်မေ့သွားမလားလို့ .. ။

အဲ့လိုစိတ်အပန်းပြေစေချင်လို့ ခရီးထွက်လာပါတယ်ဆို သူ့ဦးလေးလုပ်ပုံက ... ။

လေယာဉ်ကွင်းထဲထိမောင်းယူလာတဲ့ အနက်ရောင်ကျည်ကာမှန်အပြည့်နဲ့ ကားသုံးစီး...။
မာဖီးယားရုပ်နဲ့ သက်တော်စောင့်တစ်စု...။

ဘယ်နားလေးကများ အပန်းဖြေခရီးနဲ့ တူတော့လို့လဲ!!

ကိုယ့်လေယာဉ်ကိုယ်သုံးတာပေမယ့် လေဆိပ်က Jay အပိုင်မို့ သူခရီးထွက်တာ တန်းသိသွားတယ်။ စိတ်မချလို့ဆိုပြီး တပည့်တစ်သိုက် ကောက်လွှတ်လိုက်တော့ Sh*t တွေဖြစ်ရော...။

သူလည်း ကိုယ်ပိုင်လေဆိပ်တစ်ခုတော့ ဝယ်ဖို့လိုနေပြီ!

"ကော..."

ဟိုတယ်ရောက်လို့ ကားပေါ်ကအဆင်း သူ့နောက်က လိုက်ဆင်းလာတဲ့ ကျန့်ကောကို သာသာလေး အနားဆွဲခေါ်လိုက်တယ်။

မှိန်ဖျော့နေတဲ့ မျက်ဝန်းနက်လေးတွေကို ကြည့်ရတာ သူစိတ်မချမ်းသာလိုက်တာ။

"ကော..ပိုက်ဆံအိတ်ရယ် ပတ်စ်ပို့ရယ် ကောဆီမှာပါတယ်မလား...ခရီးဆောင်အိတ်ထဲထည့်မထားဘူးမလား"

ကြားရရုံ တိုးတိုးလေးပဲ ကပ်ပြောလိုက်တယ်။ သူ့ဦးလေးတပည့်တွေက သူ့နားအနေနီးလို့ တရုတ်စကားကို မတောက်တခေါက်နားလည်တာမို့ ...။

𝖬 𝖤 𝖳 𝖠 𝖭 𝖮 𝖨 𝖠Nơi câu chuyện tồn tại. Hãy khám phá bây giờ