CRUSH ♡︎
[ မင်းသားလေးဖလော်ရီယမ်ဟာ စနိုးဝိုက်မင်းသမီးလေးအစား အငယ်ဆုံးလူပုလေးကိုသဘောကျခဲ့တယ် ]
ကလေးလေးတွေ၏ မျက်နှာမှာတစ်ခုခုနှင့် ပစ်ပေါက်ခံထားရသကဲ့သို့ စူပုတ်နေကြသည်။
" ဒီပုံပြင်က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကိုကိုရိပေါ် မင်းသားလေးက မင်းသမီးလေးနဲ့ ပဲ သေချာပေါက် ညားရမှာပေါ့ "
ထိုကလေးမလေး၏ ဆံပင်အား ရိပေါ်လက်ဖြင့်ဖွလိုက်ကာ ပြုံးရင်းဆိုသည်။
" မင်းသားလေးက မင်းသမီးလေးနဲ့ ပဲ ညားရမယ်လို့ ဘယ်သူကပြောလဲ "
ထိုအခါဘေးမှ ကောင်ကလေးသေးသေးလေးကလည်း စူပုတ်စွာဆိုလာသည်။
" ပုံပြင်က အဆုံးသတ်လည်း မရှိဘူး ၀မ်ကောကော ~ မင်းသားလေးက မင်းသမီးလေးကို တကယ်သဘောမကျခဲ့ဘူးလားဟင်...ဟင် "
ရိပေါ်လက်ညိုးလေးကွေးကာ ခေါင်းကိုတစ်ချက်ကုပ်လိုက်ရင်း....
" ပုံပြင်မှာ အဆုံးသတ်မရှိဘူး ဆိုတာက လူပုလေးဆီကနေ မင်းသားလေးက တိတ်တိတ်လေးထွက်ပြေးသွားလို့ ! "
" ဟာ ကိုကိုရိပေါ်ကလည်း မဟုတ်တမ်းတရားတွေ လျှောက်ပြောနေပြန်ပြီ ! စနိုးဝိုက်မင်းသမီးလေးက ဘယ်လောက်တောင်မှ ဖြူ စင်ပြီးလှလိုက်သလဲ ! မင်းသားလေးက သေချာပေါက် သဘောကျရမှာပေါ့ ! "
" ဟုတ်တယ် ၀မ်ကောကော !
လူပုလေးက ချောမှမချောတာ ! မင်းသားလေးက ဘယ်လိုလုပ် သဘောကျမှာလဲ "" လူပုလေးက ဘာဖြစ်လို့ မချောရမှာလဲ....
လူပုလေးကလေ တကယ်တော့ မင်းသားလေးဖလော်ရီယမ်ထက် အရပ်နည်းနည်းလေးပိုရှည်တယ်။ ၀ိုင်းစက်နေတဲ့ မျက်ဝန်းအိမ်လည်း သူ့ မှာရှိတယ် "ရိပေါ်လည်း ကလေးနှစ်ယောက်အား ဆွဲဖက်၍ တိုးတိုးလေးဆိုလိုက်သည်။
" ပြီးတော့...နူတ်ခမ်းနှစ်လွှာအောက်က မှည့်နက်လေးကတော့ အလှဆုံးပါပေါ့ "
ကလေးလေးတွေလည်း စိတ်ဝင်စားစွာဖြင့် တိုးတိုးလေး ပြိုင်တူမေးလာသည်။
" ဒါဆို အဲ့ဒီလူပုလေးက ဘယ်မှာလဲဟင် "
ရိပေါ်ပြောပြမလိုလိုနှင့် ခေါင်းခါပြလိုက်သည်။