{ Zawgyi }
♡︎
[ ရုန်းထွက်မရပါသော နွံအိုင်ငယ် ]
" ၀ါး အရမ်းမိုက်တာပဲ "
" ၀ိုး!!! တော်လိုက်တာ "
Basketball ကွင်းဘက်မှ အော်ဟစ်နေကြသော အသံများကြောင့် ရှောင်းကျန့် လည်း ထိုနေရာသို့ စိတ်ဝင်တစားဖြင့် ဖြည်းဖြည်းခြင်းလျှောက်လှမ်းလာသည်။
ဘောလုံးအား ကြမ်းပြင်နဲ့ ခပ်ဆွဆွထိတွေ့ ပုပ်ယူကာ ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက်ဖြင့် ကွင်းထဲတွင် ပတ်၍ ကစားနေသော သူများတွေထဲမှ မျက်လုံးအိမ်ထဲသို့ ထင်ထင်ရှားရှားဝင်ရောက်လာသည့်သူက ထိုသူပင်။ တစ်ဖက်လူဆီမှ ဘောလုံးအား လုယူ၍ တစ်ပတ်လည်ကာ လိပ်ပြာလေးကဲ့သို့ ပေါ့ပေါ့ပါးပါးမြှောက်တက်သွားသည့် ကိုယ်ခန္နာနှင့်အတူ ပိုက်ကွင်းထဲသို့ ဘောလုံးလေး လှိမ့်ဝင်ကျသွားသည်။
" ရက်စ် !!!! "
ထိုသူ၏ လူပ်ရှားမူ့ တစ်ခုဆီတိုင်းက ရှောင်းကျန့် မျက်ဝန်းထဲတွင် အနှေးကွက်ပုံသဏ္ဍာန်တို့ ဖြင့် တစိမ့်စိမ့် ရွေ့ လျားနေသည်။ အားလုံးထဲမှ မင်းကတော့ ~ ကိုယ်မျက်တောင်မခတ်ပဲနဲ့ ~ ဆိုသည့်သီချင်းစာသားလေးအတိုင်း သူတကယ့်ကို မျက်တောင်မခတ်စတမ်း ငေးကြည့်နေမိသည်။ စိတ်ထဲမှ တီးတိုးရေရွတ်လိုက်မိသည့် စကားလေးတစ်ခွန်းကတော့...
* သူတကယ် ကြည့်ကောင်းလွန်းတယ် *
ထိုစဉ် သူ၏ ပုခုံးအား အနောက်မှလာတို့ ကာ နားအနားကပ်၍ ပြောလိုက်သော စကားတစ်ခွန်းကြောင့် သူသတိပြန်ကပ်သွားခဲ့သည်။
" မင်းကြွေသွားပြီမလား ရှောင်းကျန့် "
အနောက်မှ သရဲအသံနှင့်လာပြောသော ထိုသူအား လှည့်ကြည့်လိုက်မိလေတော့ သူ၏သူငယ်ချင်း ၀မ်ကျိုးချန်ပင်။ အတန်းထဲတွင် စာအလိုက်နိုင်ဆုံး ကျောင်းသားဖြစ်ကြသည့် ၀မ်ကျိုးချန် နှင့် ရှောင်းကျန့် ကိုတော့ ဆရာ၊ဆရာမ များက အလွန်အားထားကြသည်။ အခင်အမင်သိပ်မလုပ်တတ်သော ရှောင်းကျန့် သည်လည်း ရိပေါ်နှင့်အတူထိုင်ရပေမယ့် ကျိုးချန်နှင့် တတွဲတွဲစာလုပ်လေ့ရှိသည်။ ရိပေါ်က စာမှမလုပ်တာလေ။