10 ♡︎

4.5K 471 1
                                    

{ Zawgyi }

♡︎

[ အကြောင်းပြချက် မရှိခဲ့ဘူး ]

မိုးရေစက်တွေကို အနည်းငယ်မနာလိုဖြစ်မိတယ်။ ကမ်းပေးထားတဲ့ ထိုသူ့  လက်ဖ၀ါးပေါ်မှာ သူ့ အစားနေရာဝင်ယူနေလို့ လေ။

" ပြေးရအောင် "

ရှောင်းကျန့် ထီးရိုးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားမိရင်း နှလုံးခုန်သံတွေ ပြင်းပြစွာ လူပ်ခါနေတယ်။ ထီးကို ပိတ်ချလိုက်ပြီး လက်တစ်ဖက်မှ လိပ်ကာကိုင်လိုက်တယ်။ ဘာအကြောင်းအရာမှ ထွေထွေထူးထူးတွေးတောမနေတော့ပဲ စိတ်အလိုကိုလိုက်ကာ ကမ်းပေးထားတဲ့ ရိပေါ်လက်ဖ၀ါးပေါ်သို့ သူလက်ကလေးနှင့် ဖြည်းညင်းစွာဖုံးအုပ်ပစ်လိုက်တယ်။

ရိပေါ်မှာ ရှောင်းကျန့် ၏လက်ချောင်းများကြားထဲသို့ သူ၏အကြောစိမ်းတွေယှက်နေသောလက်ချောင်းများနှင့်စုကိုင်ကာ အနီးအနားသို့ ဆွဲကပ်ပစ်လိုက်တယ်။ ဆောင့်ဆွဲခြင်းကို ခံလိုက်ရတဲ့ သူဟာ ရိပေါ်နဲ့ သိပ်ကို နီးကပ်လွန်းနေခဲ့ပါတယ်။ ကျောပိုးအိတ်အား အရှေ့ ဘက်သို့ ပြောင်းပိုးထားတာကြောင့် ရိပေါ်၏ရင်ဘတ်နှင့် သူ့ ရင်ဘတ်နီးကပ်ရန် ကျောပိုးအိတ်တစ်လုံးသာ ခြားနာနေတယ်။ သွေးမလျှောက်သလို တကိုယ်လုံးပူထူနေသော သူရဲ့ ခန္နာကိုယ်ကြောင့် ထီးလိပ်ကိုင်ထားတဲ့ လက်ချောင်းလေးတွေတောင် အားမခိုင်တော့ပဲ လျှော့တိလျှော့ရဲဖြစ်လာရတယ်။

" သွားမယ် "

ရိပေါ်ဆွဲပြေးရာနောက်သို့ ပြူးကြောင်ကြောင်လေးနှင့် ရှောင်းကျန့် ပါသွားခဲ့တယ်။

" ရိပေါ်... စက်..စက်ဘီး "

" နောက်မှ ... "

သူတို့ နှစ်ယောက်စလုံး မိုးရေထဲမှာ လက်နှစ်ဖက်ကို ပူးယှက်ရင်း အနောက်မှ တစ်ယောက်ယောက်လိုက်လာသလိုကို ပြေးနေကြတယ်။ ခြေလှမ်းနှစ်စုံက တစ်ပြေးတည်းမရှိသော်ငြား ရှေ့ သွားနောက်လိုက် ညီညာလို့ နေတယ်။

သူ့ လက်ကို ဆွဲကိုင်ရင်း ပြေးလွှားနေတဲ့ ထိုသူ၏ ကျောပြင်ကျယ်ကြီးကို ငေးမောကာ တွေးတောမိလိုက်တယ်။ အကယ်၍သာ စက်ရုပ်လေးတစ်ရုပ်သဖြစ်ခွင့်ရမယ်ဆို ၀မ်ရိပေါ်ရဲ့ စိတ်ကို scan ဖတ်နိုင်တဲ့ စက်ရုပ်ကလေးသာ ဖြစ်ချင်မိပါတယ်။ သူတကယ် ၀မ်ရိပေါ်ကို နားမလည်နိုင်တော့လို့ လေ။

𝖣𝖤𝖠𝖱 𝖢𝖱𝖴𝖲𝖧  ( 一战  )Where stories live. Discover now