{ Zawgyi }
♡︎
[ လေလိုင်းကြားက ရန်ခုန်သံ ငွေ့ ငွေ့ လေး ]
စားပွဲခုံပေါ်မှ ဖုန်းကို 3စက္ကန့် ခြားတစ်ခါ သူငေးကြည့်နေမိတယ်။
ဖုန်းခေါ်မယ်လည်းပြောသွားသေးတယ်။ အချိန်ကဖြင့် 9နာရီခွဲနေပြီ ဘာလို့ မလာသေးတာပါလိမ့်။ ပြီးရင် မေမေက အိပ်လား မအိပ်လား လာစစ်တော့
မှာကို...အဲ့ဒီအချိန်ကျမှ ဖုန်းထလာရင်တော့ ဂွမ်းပြီ။" ဟူး.... "
စာအုပ် ဇောက်ထိုးကြီးကိုင်၍ စိတ်တွေကယောက်ခြောက်ခြားဖြစ်လို့ နေတယ်။
" အိပ်ပြီလား သား "
တံခါးအပြင်ဘက်မှ အမေ့၏ခေါ်သံကိုကြားလေတော့ မလုံမလဲဖြစ်ကာ အင်္ဂလိပ်စာအုပ်အထူနဲ့ ဖုန်းကို ဖိချပစ်လိုက်ရင်း စာအုပ်ကို ပြန်ကိုင်ပြီး စာဖတ်ချင်ယောင်ဆောင်ပစ်လိုက်တယ်။
" ဟုတ် အခုလေးတင်ပဲ အိပ်တော့မလို့ မေမေ "
အမေက အခန်းထဲဝင်လာပြီး သူ့ ဘေးနားမှာ ၀င်ထိုင်ကာ စောင်တွေကို ဖြန့် ပေးနေတယ်။
" ခြေထောက်ဆေးပြီးပြီလား "
" ဟုတ် မေမေ "
ထို့ နောက် သူ့ ဆံပင်အားဖွဖွလေးကိုင်ကာ...
" ဒါဆို အိပ်တော့ ~ ဒီနေ့ တော့ ညဥ့်နက်တဲ့အထိစာမလုပ်နဲ့ "
ရှောင်းကျန့် ခေါင်းတစ်ချက်ငြိမ့်ပြပြီး မွေ့ ယာပေါ်တွင် လှဲချလိုက်တယ်။ အမေကတော့ စောင်ကို သေသေချာချာ ခြုံ ပေးရင်း နဖူးလေးကိုပုတ်ကာ မွေ့ ယာပေါ်ကနေ ထသွားတယ်။
" မေမေ မီးပိတ်လိုက်ပြီနော် ~ ကောင်းသောညလေး "
" ဟုတ် မေမေ ~ ကောင်းသောညပါ "
ချလပ် ဆိုသောမီးပိတ်သံနှင့်တူ သူ့ ရဲ့ အခန်းလေး မှောင်မိုက်သွားတယ်။ စာရေးစားပွဲတွင် မှိုင်းပြပြထွန်းလင်းနေသော အ၀ါမကျအညို မကျမီးရောင်ဖျော့ဖျော့လေးက မျက်နှာကို လာဟပ်လို့ နေတယ်။
ဒါနဲ့ သူက ဘယ်အချိန်ဖုန်းခေါ်မှာလဲ။ မဆက်ရင်လည်း ....
အတွေးတစ်ခုအဆုံးမသတ်ခင်မှာပဲ စာအုပ်နှင့်ဖိကပ်ထားသော ဖုန်းလေး တဖျက်ဖျက်လင်းလက်လာခဲ့တယ်။ အသံမထည့်ထားတာကြောင့် ဖုန်းမြည်သံကိုတော့ ဘယ်သူမှ ကြားမည်မဟုတ်။