11 ♡︎

4.2K 472 13
                                    

{ Zawgyi }

♡︎

[ ၀မ်ရိပေါ်ဆိုတဲ့ ပုစ္စာကိုတွက်ချက်ဖို့ သီအိုရီမရှိဘူး။ ]

အခန်းထဲသို့ ရောက်လာကတည်းက ၀မ်ရိပေါ်တစ်ယောက် ခုံပေါ်ခေါင်းအပ်အိပ်နေသည်ကိုသာ သူတွေ့ နေရသည်။ နေများမကောင်းတာလား ? အအေးများပတ်သလား ? တစ်ခုခုဖြစ်လို့ လားဆိုသည့် စိုးရိမ်စိတ်တွေက ရေစီးကမ်းပြို ဖြစ်နေသည်မှာ စာထဲကိုတောင် အာရုံမရောက်နိုင်တော့ဘူး။

" ၀မ်ရိပေါ်!!!!!!!!! "

ပင်းလောင်စင်း၏ အော်သံမှာ တစ်ခန်းလုံးပေါက်ကွဲမထွက်ပွင့်လျှံသွားတယ်။ ခေါင်းအား ထောင်မတ်ကာ မော့ကြည့်လာသော ထိုသူ၏ မျက်နှာပြင်အား အသေးစိတ်စူးစိုက်လိုက်ကြည့်မိတော့ ဖူးယောင်နေတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ နူတ်ခမ်းထောက်မှ သွေးဆို့ နေတဲ့ ဒဏ်ရာဒဏ်ချက်တွေ ကို သူတွေ့ လိုက်ရတယ်။ ဘယ်သူနဲ့ များ ရန်ဖြစ်လာရတာလဲ ၀မ်ရိပေါ်...။

" နင့်ကို တဖက်က ကျောင်းသားမိဘတွေက မကျေနပ်ဘူးတဲ့ ! နင်လာခဲ့ အခုရုံးခန်းထဲသွားမယ် "

ပင်းလောင်စင်းရဲ့ ခေါ်သံအဆုံးမှာ သူ့ ကို စွေစိုက်လာကြည့်သော ရိပေါ်၏ ခပ်စူးစူးမျက်ဝန်းတစ်စုံကြောင့် ရှောင်းကျန့် မျက်လုံးများကို လွှဲချပစ်လိုက်တယ်။

" ပြီးတော့ ကျင်းရှန်း ! သမီးပါ တစ်ခါတည်းလိုက်ခဲ့"

ပင်းလောင်စင်း၏အနောက်သို့ ရိပေါ်နှင့်အတူ ကျင်းရှန်းပါ လိုက်ပါသွားတယ်။ အတန်းထဲကလူတွေပြောတာတော့ ကျင်းရှန်းကို F အတန်းက ကောင်လေးတစ်ယောက်က ရည်းစားစာလာပေးပြီး ထိကပါးရိကပါးလုပ်လို့ ရိပေါ်နဲ့ အလူးအလဲရန်ဖြစ်ကြတာတဲ့။ သူဒီနေ့ ကျောင်းနောက်ကျသွားတာ ကံကောင်းသွားတယ်ပြောရမယ်။ တခြားမိန်းကလေးတစ်ယောက်အတွက် ရန်ဖြစ်ပေးနေတဲ့ ရိပေါ်ကို သူမမြင်ချင်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ နှလုံးသားလေးနေမကောင်းဖြစ်မှာစိုးလို့ ။

ကျင်းရှန်းကို တခြားသူတွေဆီပါသွားမှာ အဲ့ဒီလောက်တောင် စိုးရိမ်နေတာလား ၀မ်ရိပေါ်...။

စိတ်ထဲက မသိမသာတွေးတောလိုက်မိရင်း ၀မ်းနည်းစိတ်တွေသာ နေရာယူလာခဲ့တယ်။ စာအုပ်ကို ထုတ်ကာ စိတ်ပြေလက်ပျောက် စာဖတ်နေသော်ငြားလည်း ၀မ်ရိပေါ်၏ အကြောင်းတွေသာ ခေါင်းထဲ တဟုန်အတွင်းဝင်ရောက်လာတယ်။ ပွဲမမှီလိုက်တာတောင် နှလုံးသားလေး ပူထူနေပြီ ရိပေါ်ရေ။

𝖣𝖤𝖠𝖱 𝖢𝖱𝖴𝖲𝖧  ( 一战  )Where stories live. Discover now