19 ♡︎

4.4K 456 11
                                    

{ Zawgyi }

♡︎

သူ့ ရဲ့ ရည်မှန်းချက်က ထူးချွန်ထက်မြက်လွန်းတဲ့ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ဖို့ သာဖြစ်တယ်။ သို့ ပေမယ့်လည်း ' ဘ၀ဟာ ၀တ္တုမဟုတ် ' ဆိုတဲ့ စကားရိုးအတိုင်း ကိုယ်မျှော်မှန်းထားမိတဲ့ အကြောင်းအရာကိစ္စတွေကို အချက်အလက်ကျကျ ဖန်တီးနိုင်ဖို့ သိပ်ကို ခက်ခဲလွန်းပါတယ်။ လက်တွေ့ ပြောရလျှင် သူကဆရာဝန်ကောင်း တစ်ယောက် ရူးခါနေအောင်ဖြစ်ချင်နေပေမယ့် လက်ရှိမှာ အထက်တန်းပြဆရာတစ်ဦးသာ ဖြစ်နေခဲ့သလိုမျိုး။

ဘ၀ဆိုတာ ကံကြမ္မာရဲ့ ကြိုးဆွဲရာ မျောပါနေတဲ့ ဇာတ်ရုပ်လိုပဲ...အနိမ့် ၊ အမြင့် ၊ အတက် ၊ အကျ ၊ အချိုးအကွေ့ တွေ တပွေ့ တပိုက် ၊ ချို တစ်လှည့် ခါးတစ်လှည့်နဲ့ လူသားတွေကို ပညာပြပြီး ပျော်ပျော်ကြီး တင်ဆက်ဖျော်ဖြေခိုင်းနေခဲ့တယ်။

ကံကြမ္မာ ... ကံကြမ္မာဆိုတဲ့ မမြင်နိုင်တဲ့ အရာတွေကို သူတော့  မယုံကြည်ပါဘူး။ မေမေက ပြောဖူးတယ်....ကံကြမ္မာဆိုတာ ဒီနေ့ လုပ်လိုက်တဲ့ ကိစ္စတစ်ခုအပေါ်မှာ မူတည်ပြီး နောက်နေ့ တွေအတွက် ကွဲပြားသွားတဲ့ အကြောင်းအရာတစ်ခုပဲတဲ့။ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်သာ ဖန်တီးနိုင်တယ်။ ကိုယ့်ရဲ့ ဘ၀ကို ကိုယ်သာ ပဲ့ကိုင်မယ်။ ကိုယ့်ရဲ့ ခြေထောက်ပေါ် ကိုယ်သာရပ်တည်မယ်။

ဒင်း ဒေါင် ! ဒင်း ဒေါင် !

Laptop ပေါ်တွင် စီတန်းနေသော စာစုများကို ခဏရပ်ကာ သူအခန်းထဲမှ ပြေးထွက်လာလိုက်တယ်။ မေမေ နဲ့ ဖေဖေ က ဒီနေ့ အပြင်သွားတာကြောင့် အိမ်မှာသူတစ်ယောက်တည်းသာရှိတယ်။ ခြံတံခါးကို ဆွဲဖွင့်လိုက်မိတော့ ပစ္စည်းပို့ သမားတစ်ဦး ကတ္ထူ  ပုံးကို တစ်ပုံးကို ပိုက်ကာ သူထွက်လာမည့် အချိန်ကို စောင့်မျှော်နေပုံရတယ်။

" အိမ်နံပါတ် 105 ... အကို့ နာမည်က ရှောင်းကျန့် ဟုတ်ပါတယ်နော် "

" ဟုတ်ပါတယ် "

ပစ္စည်းပို့ သမားက ကထ္ထူ ပုံးအသေးလေးအား သူ့ ဆီကမ်းပေးလာတယ်။ ဘာကြီးလဲ...သူဘာပစ္စည်းမှ မမှာထားမိပါဘူး။

" တစ်ခုခုတော့ မှားနေပြီထင်တယ် ညီလေး... အကို ဘာပစ္စည်းမှ မမှာယူထားမိဘူး "

𝖣𝖤𝖠𝖱 𝖢𝖱𝖴𝖲𝖧  ( 一战  )Where stories live. Discover now