{ Zawgyi }
♡︎
မျက်လုံးနှစ်ဖက်အား အချိတ်အဆက်မိမိ ဖွင့်ဟမည်ကြံတော့ စီးကပ်နေသည့် မျက်တောင်မွှေးရှည်ရှည်များက အောက်မျက်ခမ်းစပ်မှ မျက်တောင်မွှေး တိုစိပ်စိပ်တို့ ထံ ကပ်ညိထွေးစု ခစားလျက်ရှိတယ်။ ဖြည်းဖြည်းချင်း အားယူကာဖွင့်ချပြီး မွေ့ ယာပေါ်မှ ကုန်းထကာ မှန်ရှေ့ သွားရပ်ကြည့်မိတော့ ဖောင်းအစ်နေသော မျက်ဝန်းအိတ်ရဲရဲတင်းတင်းတွေနှင့် မျက်လုံးနီရဲရဲတွေက မနေ့ ညက ပုလဲမျက်ရည်ခပြီးမှ အိပ်လိုက်ရကြောင်း သက်သေထူလို့ နေတယ်။ ၀မ်ရိပေါ်အကြောင်းတွေ တွေးပြီး ငိုရင်းအိပ်ပျော်သွားတဲ့ အကျိုးဆက်ကတော့ သို့ လော သို့ လောပါပဲ။
ဒေါက် ဒေါက် ဒေါက် !
" အိပ်ပျော်နေသေးလား သား ... ကျောင်းသွားဖို့ အချိန်နောက်ကျနေဦးမယ် "
အခန်းအပြင်မှ အမေဖြစ်သူရဲ့ အသံကိုကြားတော့မှ မှန်ရှေ့ မှ ခွာကာ ရေချိုးခန်းထဲဝင်ဖို့ သတိပြန်ရတော့တယ်။
" အခုပဲနိုးပြီ မေမေ ~ ကျွန်တော်အ၀တ်စားလဲပြီးရင်လာခဲ့မယ် "
ဖောင်းအစ်နေသော မျက်လုံးအိတ်တွေကို အရောင်ကျသက်သာစေရန် အထပ်ထပ်အခါခါမျက်နှာသစ်နေသော်ငြား အရှိန်ကပြယ်၍မသွားပဲ နီညို့ ညို့ ပုံသဏ္ဍာန်သာ ကျန်ရစ်ခဲ့တယ်။ ဒီတိုင်းဆို ငိုထားတာမှန်း လူတိုင်းနီးပါး ရိပ်မိလိမ့်မယ်။
ဘီဒိုထဲမှ အဖြူ ရောင် ရှပ်အကျီ င်္အဖြူ နှင့် ဂျင်းပင်ပြာရင့်ရင့်ရောင်ကို ထုတ်ဝတ်ကာ လေးထောင့်လက်ကိုင်အိတ်ထဲသို့ လိုအပ်မည့် စာရွက်၊စာအုပ်တွေ ထည့်သွင်းလိုက်တယ်။ မတပ်တာကြာပြီဖြစ်တဲ့ မျက်မှန်ဝိုင်းလေးကို ဖောင်းနေတဲ့ မျက်လုံးအရှိန်အားဖုံးလွှမ်းနိုင်ရန်အတွက် ပြန်လည်တပ်ဆင်ပြီး အောက်ထပ်သို့ ဆင်းလာလိုက်တယ်။
" ကျွန်တော် မနက်စာ မစားတော့ဘူး မေမေ ... ကျောင်းမှာ အစည်းအဝေးရှိတာ မေ့နေတာ.... မဟုတ်ရင် နောက်ကျလိမ့်မယ် "
လှေကားအသေးလေးပေါ်မှ အိတ်ကိုင်ကာ ဆင်းလာရင်း မနက်စာမစားတော့ကြောင်း မေမေ့ကို တင်ပြရပါသေးတယ်။