13 ♡︎

4.1K 449 3
                                    

{ Zawgyi }

♡︎

[ ၀မ်ရိပေါ်က အာရုံပဲ... ]

ကျောင်းဝန်းတံခါးပေါက်တည့်တည့်တွင်  စက်ဘီးလေးတစ်စီးထိုးရပ်သွားတယ်။ လက်ကောက်ဝတ်မှ နာရီအား ငုံ့ ကြည့်လိုက်မိတော့ 7နာရီနဲ့ 45 မိနစ်...။ 8 နာရီထိုးရင် ကျောင်းတက်ရပြီ...။

" ၀င်တော့လေ သား ... "

အဖေဖြစ်သူအား ရှောင်းကျန့် ပြုံးရင်းခေါင်းညိတ်ပြလိုက်တယ်။

" သွား သွား မြန်မြန်ဝင် သားဝင်တာကြည့်ပြီးမှ ဖေဖေ သွားမယ် "

" ဟုတ် .... ဖေဖေ "

ကျောပိုးအိတ်ကြိုးလေးကို တင်းတင်းဆုတ်ကိုင်ရင်း အဖေ့ကို လှည့်မကြည့်တော့ပဲ ကျောင်းဝန်းထဲသို့ တန်းဝင်သွားလိုက်တယ်။ စိတ်တွေလေးလံနေတာအရမ်းပဲ။ ၀မ်ရိပေါ်က သူ့ ကို Church ကျောင်းနားမှာ တကယ်ကြီးစောင့်နေတာလားမသိဘူး။

အတန်းထဲသို့ မ၀င်မှီအနောက်ပေါက်ကနေ ၀မ်ရိပေါ်ရှိလား မရှိလား ချောင်းကြည့်လိုက်မိတော့ ၀မ်ရိပေါ်အစား ထိုင်ခုံလွတ်ကြီးကိုသာ သူတွေ့ လိုက်ရတယ်။ ကျောပိုးအိတ်လည်းမရှိ ၊ လူလည်းမရှိ ။

ဝမ်ရိပေါ်... ၀မ်ရိပေါ်... မင်းငါ့ကို တော်တော်အခက်တွေ့ အောင်လုပ်တာပဲ...။ မလာပါဘူးလို့ ကြိုပြောထားရဲ့ သားနဲ့ စောင့်နေမယ် ဆိုပြီး ပြောသွားသေးတယ်။ အဲ့လိုဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ .... မဟုတ်လည်း ကျောင်းက ခဏနေတက်ရတော့မှာကို .... စိတ်မကောင်းပါဘူး ၀မ်ရိပေါ်။

ကျောပိုးအိတ်အား ခုံစောင်းအတွင်းသို့ ထည့်လိုက်ရင်း စိတ်ရူပ်ရူပ်နှင့် သက်ပြင်းတွေအကြိမ်ကြိမ်ချမိတယ်။ ဆံပင်တွေကို လက်ဖြင့်ဖွကာ ခုံပေါ်သို့ ခေါင်းအပ်အိပ်လိုက်မိပြီး ခုံအောက်မှ ဒူးခေါင်းအား ပျင်းတိပျင်းရွှဲ့ လူပ်ယမ်းနေမိတယ်။

အော်....၀မ်ရိပေါ်ဝမ်ရိပေါ်... ငါမင်းကို ဘယ်လိုလုပ်ရပါ့မလဲ...ကျောင်းတက်ဖို့ 5မိနစ်ပဲလိုတော့တာကို တကယ်ပဲ မလာတော့ဘူးလားမသိ။ တကယ်ပဲ ငါ့ကို အတင်းစောင့်နေတာလား မသိဘူး။

အခန်းထဲကို ၀င်လာကတည်းက ၀မ်ရိပေါ်ရဲ့ မျက်နှာလေးကို မတွေ့ ရတော့ နှလုံးသားလေး ပျော့ခွေလို့ နေတယ်။ ၀မ်ရိပေါ်ဆိုတဲ့ ဓာတ်ဆားရည်ထုတ်က ကျောင်းမှမလာသေးတာကို...။

𝖣𝖤𝖠𝖱 𝖢𝖱𝖴𝖲𝖧  ( 一战  )Where stories live. Discover now