23 ♡︎

4.7K 423 9
                                    

{ Zawgyi }

♡︎

[ လွဲချော်ခဲ့သော အဲ့ဒီနှစ် ]

" ငယ်ချစ်ဦးဆိုတဲ့ အခေါ်အဝေါ်ရဲ့ နောက်ကွယ်မှာ ကြည်နူးစရာပုံပြင်လေးတွေ ၊ ကြေကွဲဖွယ်ဇာတ်လမ်းတွေ ရှိနေတတ်တာ သဘာဝပါပဲ ... "

" သေချာတာပေါ့ဗျာ ~ အချစ်ဦးကို မေ့ပစ်ရိုးထုံးစံဆိုတာ ဘယ်မှာရှိပါလိမ့်မလဲ "

" ဟုတ်တယ် ဟုတ်တယ် "

ရေဒီယိုမှ ထုတ်လွှင့်နေသော ' ငယ်ချစ်ဦးအကြောင်းသိကောင်းစရာ ' အစီအစဉ်ကို ဖေဖေက သတင်းစာဖတ်ရင်းနားထောင်နေတယ်။ မေမေနှင့် သူကတော့ ထိုင်ခုံပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်ကာ ပန်းပင်များကို မြေကြီးဆွလိုက် ၊တူးလိုက်နှင့် ပန်းအိုးထဲထည့်လို့ နေတယ်။

" ဒင်းကိုတော့မပြောချင်ဘူး ! အားနေ ငယ်ချစ်ဦး အကြောင်းတွေပဲနားထောင်နေတာ ... သူ့ အချစ်ဦး ယွမ်ရင်းကို သတိရနေတာပဲဖြစ်ရမယ် "

" .... "

မေမေက ဖေဖေ့ကို မျက်စောင်းတထိုးထိုးနဲ့ ကြည့်ပြီး ပွစိပွစိလုပ်နေသေးတာ။

" ကဲ ဒီနေ့ တက်ဆက်မယ့် အချစ်ဦးပုံပြင်လေးတစ်ပုဒ်က နည်းနည်းတော့ ကြေကွဲဖို့ ကောင်းတယ် "

" ဟုတ်လား "

" ကျွန်တော်တောင် ဖတ်ပြီး အားမလိုအားမရတွေဖြစ်သွားခဲ့သေးတာ ~ ဇာတ်လမ်းလေးထဲမှာ သူတို့  နှစ်ယောက်စလုံးက တစ်ယောက်နဲ့ တစ်ယောက် သဘောကျလျက်သားနဲ့ သဘောကျကြောင်းမပြောလိုက်ရပါပဲ နှစ်အတော်ကြာအောင်ခွဲခွာသွားလိုက်ရတယ်လေ "

" ဟယ်တော် စိတ်မကောင်းစရာပါပဲ "

ရေဒီယိုက လာနေတဲ့ အသံတွေကို မေမေဟာ ခေါင်းတယမ်းယမ်းဖြင့် နားထောင်နေတယ်။

" တင်ဆက်သူမိန်းကလေးရဲ့ အသံကလည်း ချွဲပစ်လွန်းလိုက်တာ "

" ကျွန်တော် လိုင်းသွားပြောင်းပေးမယ်လေ မေမေ "

မေမေက ခေါင်းညိတ်ပြတော့ လက်အိတ်ကိုချွတ်ကာ ရေဒီယိုနား သွားပြီး တိုင်လေးအား မြှင့်မြှင့်လေး ဆွဲတင်လိုက်တယ်။

𝖣𝖤𝖠𝖱 𝖢𝖱𝖴𝖲𝖧  ( 一战  )Where stories live. Discover now