{ Zawgyi }
♡︎
[ တရေးနိုးသောမိုး ]
" ဘာလုပ်တာလဲ "
ရှောင်းကျန့် ၏ အော်သံခပ်ရေးရေးမှာ ရိပေါ်၏ နားအတွင်းသို့ စိမ့်ဝင်လာ၏။ မြက်ခင်းစိမ်းပေါ်မှ သစ်ရွက်ခြောက်များကို တံမြတ်စည်းရှည်နဲ့ သန့် ရှင်းရေးလုပ်နေရသော ရှောင်းကျန့် မှာ သူ၏ လက်ထဲမှ တံမြတ်စည်းရှည်အား ဆောင့်ဆွဲ လုယူလိုက်သော ရိပေါ်ကြောင့် ခပ်မာမာပြောလိုက်ခြင်းဖြစ်သည်။
" ဘာလုပ်ရမှာလဲ ~ လှဲမလို့ လေ "
" မင်းမှာ တံမြတ်စည်းရှိတယ် မဟုတ်ဘူးလား ?
ဒါငါရွေးထားတာကို ဘာလို့ လာယူတာလဲ "" ယူတော့ ဘာဖြစ်ချင်လဲ "
တိုးစိပ်စိပ်အသံနှင့်အတူ နီးကပ်လာသော ရိပေါ်၏
မျက်နှာကြောင့် ရှောင်းကျန့် အနောက်သို့ ဆုတ်မိသွား၏။ထို့ နောက် ထစ်ထစ်ငေါ့ငေါ့ဖြင့် ဆိုလာသည်။" ယူ ... ယူ...တော့လဲ ဘာမှမဖြစ်ပါဘူး
ငါ့ဘာသာပဲ အသစ်သွားယူတော့မယ်... "ရှောင်းကျန့် လှည့်ထွက်ရန်ပြင်လိုက်စဉ် ....
" လေးလုံး !!! "
သူ၏ ဂုတ်မှအကျီ င်္စအား လက်ဖြင့်ဆွဲထားပြန်သော ရိပေါ်ကြောင့် ရှောင်းကျန့် မှာ ယက်ကန်ယက်ကန်နှင့် သွားလို့ မရတော့ချေ။
" ဘာ...ဘာလို့ လဲ "
" ဒီဘက်အပိုင်းက သစ်ရွက်ခြောက်တွေပါ မင်းရှင်းလိုက်တော့ "
သူရှင်းရမည့် အပိုင်းကို လက်ညိုးထိုးကာ အစားရှင်းခိုင်းနေသော ရိပေါ်ကြောင့် ရှောင်းကျန့် စိတ်ညစ်ရသည်။
" လုပ်မှာလား ? မလုပ်ဘူးလား "
ရှောင်းကျန့် သဘောတူစွာ ခေါင်းတစ်ချက်ညိတ်ပြလိုက်၏။ အတန်းဖော်အချင်းချင်း စကားများရမည်ကိုမလိုလားသော ကြောင့်ပင်ဖြစ်သည်။ ထို့ နောက် ရှောင်းကျန့် ၏ လက်ထဲသို့ တံမြတ်စည်းရှည်ပြန်ရောက်လာပြီး ရိပေါ်ကတော့ သစ်ပင်ခြေရင်းတွင် ထိုင်ကာ သန့် ရှင်းရေးလုပ်နေသော အတန်းဖော်များအား ဟိုကြည့်ဒီကြည့်လုပ်လို့ နေသည်။