8 ♡︎

4.5K 494 8
                                    

{ Zaygyi }

♡︎

[ ၀မ်ရိပေါ်က နားလည်ရခက်တဲ့သူ ]

" ဒိုရေမီ ဒိုရေမီ မီမီဆို လို့ !!!!! "

ကျီလီ၏ အသံမှာစိတ်မရှည်တော့ပဲ ဟောက်သံပါလာလေသည်။

" အေးပါကွာ ငါမှားသွားတယ် "

စန္နယားတီးနေသော ကျိုးချန်ခဗျာ အခုချိန်ထိ သံစဉ်noteနေတွေအား အလွတ်မမှတ်နိုင်သေးသောကြောင့် ကျီလီဒေါသထွက်နေရခြင်းဖြစ်သည်။

ဘေးမှရှောင်းကျန့် သည်လည်း ချောင်းတစ်ချက်ဟန့် လိုက်ပြီး သူပြောရမည့် စာသားများကိုသာ ဟိတ်ဟန်အပြည့်လေ့ကျင့်နေပုံရသည်။

" စနိုးဝိုက် မင်းသမီးလေး မသွားပါနဲ့ ....
ကျွန်တော့်တို့ ကို ထားမသွားပါနဲ့  "

Mood အပြည့်နှင့်ပြောပြီးခါမှ ရှောင်းကျန့် သက်ပြင်းချလိုက်မိတယ်။ သူသရုပ်ဆောင်ရမည့်နေရာ လူပုလေး7ယောက်ထဲက အငယ်ဆုံးလူပုလေးနေရာတွင်။သူပြောရမည့်စာသားက စနိုးဝိုက်မင်းသမီးလေး မွေ့ ယာပေါ်တွင် မေ့မျောနေသည့်အခန်း။ တဖက်မှ ရိပေါ်အား မသိမသာချောင်းကြည့်လိုက်မိလေတော့ ကျင်းရှန်းနှင့် စကားတွေဖောင်ဖွဲ့ ကာ တတွတ်တွတ်ပြောနေပုံရတယ်။ ဒီလိုနဲ့ သူတို့ နှစ်ယောက် ပြန်တွဲကြတော့မှာမဟုတ်ဘူးလား။ အား စိတ်ရူပ်လိုက်တာ ...။

ဒီနေ့ တနေကုန် ရိပေါ်မှာ သူ့ ကိုတစ်စက်မှပင် မကြည့် .... စိတ်ထဲလည်းထားပုံမရ ကျင်းရှန်းနှင့် ပျော်ပျော်ရွှင်ရွှင်သာ rehearsal လေ့ကျင့်နေခဲ့၏။

******

" ၀မ်ရိပေါ်မကောင်းတဲ့ကောင် !
ဝမ်ရိပေါ်လူဆိုးကောင် !
ဝမ်ရိပေါ်ကို အမြင်ကပ်တယ် ! "

လွယ်ထားသောကျောပိုးအိတ်ကြိုးအား တင်းတင်းကိုင်ကာ မြေကြီးပေါ်သို့ ဖိနပ်ဖြင့် ပွတ်တွဲရှက်တိုက်နေမိတယ်။ ဘွတ်ဖိနပ်ထိမှ ခဲလုံးအဖြူ လေးအား စိတ်လေလေနှင့်ကစားကာ ဒီနေ့ တနေကုန် ရိပေါ်သူ့ ကို အဖတ်မလုပ်တာကြောင့် အနည်းငယ် စိတ်မကောင်းဖြစ်နေမိတယ်။

" ကျင်းရှန်း ကိုပဲ ကြည့်
ကျင်းရှန်း နဲ့ ပဲ ပြော
ကျင်းရှန်း နဲ့ ပဲ ရယ်
ကျင်းရှန်း အနားပဲ ကပ် ! ကောင်စုတ် "

𝖣𝖤𝖠𝖱 𝖢𝖱𝖴𝖲𝖧  ( 一战  )Where stories live. Discover now