{ Zawgyi }
♡︎
[ ၀မ်ရိပေါ်က မကောင်းဘူး ]
သူ့ ကို ၀မ်ရိပေါ်ရှောင်နေသည်မှာ 1ပတ်ကျော်ပြီ ဖြစ်သည် ။ သူ့ အမေပြန်ပြောပြလို့ ရိပေါ်ရှောင်ရသည့် အကြောင်းအရင်းကိုလည်း သူသိနှင့်ပြီးဖြစ်သည်။ အင်မတန်လိုက်ချူ ပ်ချယ်တတ်သော မိဘတွေကိုလည်း တစ်ခါတစ်လေ သူစိတ်ပျက်မိသည်။ အခုလည်း ရိပေါ်ဆိုသူနှင့် ဝေးဝေးမှာ နေခိုင်းသည့် မိန့် ခွန်းများကို ပေါက်ပေါက်ဖောက်သလို ခြွေနေပြန်ပါပြီ။ သူ့ စိတ်ထဲ ရှိနေသည့် အကြောင်းအရာကတော့ ၀မ်ရိပေါ်ကို တောင်းပန်ချင်နေတာပါပဲ။
နောက်တစ်နေ့ မနက် ကျောင်းတက်လေတော့ ရိပေါ်အမြဲထိုင်နေကျ အောက်ဆုံးထပ်မှ ချောင်ကျသော ခုံတန်းလေးတွင် သွား၍ ထိုင်စောင့်နေမိသည်။ သို့ သော်လည်း ရိပေါ်မရောက်လာခဲ့။ အခန်းထဲတွင်လည်း စကားပြောဖို့ အခွင့်အရေးပင်မပေး။သူတကယ်စိတ်ရူပ်ရပါသည်။ခေါင်းထဲမှ ထုတ်ပစ်လိုက်ဖို့ လုပ်သော်လည်း တကယ်တမ်းကျ ရိပေါ်နှင့် သူနီးကပ်ချင်နေသည်။ သစ်ရွက်လေးတွေ လူပ်ရင်တောင် ရင်ခုန်တတ်ကြတဲ့ ဆက်ကျော်သက်အရွယ်မှာ သူရင်ခုန်မိခဲ့သည်က တစ်ယောက်သောသူက ၀မ်ရိပေါ်ဆိုသည့် ခပ်ဆိုးဆိုးကောင်ကလေးတစ်ယောက်ကိုသာ။ သူ့ အကြောင်းတွေး၍ အိပ်စက်ရသည့်ညတွေလည်း များခဲ့ပါပြီ။ စာအုပ်နောက်ကျောတွင်လည်း သူ့ နာမည်များနှင့်သာ ပြည့်လျှံနေခဲ့ပါပြီ။ တစ်ခုခုကို တွေ့ မြင်မိလိုက်တိုင်း ၀မ်ရိပေါ်နဲ့ ဆိုလျှင် ဆိုသည့် စိတ်ကူးယဉ်ဆန်ဆန် အတွေးကို သူတွေးတတ်ခဲ့ပါပြီ။
ဘယ်အချိန်ထဲကလည်း လို့ မေးခဲ့ရင်လည်း ကျွန်တော်ဖြေတတ်မည်မဟုတ်။ ဒီတိုင်း ၀မ်ရိပေါ်ရဲ့ ကျီစယ်မူ့ တွေကြားမှာ နစ်မြှုပ်သွားတဲ့ ခပ်အေးအေးကောင်လေးတစ်ယောက်ပဲ ဆိုပါတော့။ ၀မ်ရိပေါ်က အရမ်းဆိုးပါတယ်... ကျွန်တော့ နှလုံးသားတစ်ခုလုံးကို ကျွန်တော်မသိလိုက်ခင်မှာပဲ ဆွဲယူသွားခဲ့လို့ လေ။ အချစ် ဆိုတာ ဘာလဲ လို့ မေးရင်တော့ ကျွန်တော့အတွက် ရေရာတဲ့အဖြေဆိုတာ ရှိမှာမဟုတ်ပါဘူး။ ကျွန်တော် အချစ်အကြောင်းတွေနားမလည်ဘူး... အခုမှ အချစ်ဆိုတဲ့သင်ခန်းစာကို သင်ယူဖို့ ပြင်ဆင်နေတုန်းလေ။ ၀မ်ရိပေါ်ဆိုတဲ့ သူ့ ဆီကပေါ့။