{ Zawgyi }
♡︎
[ ပြန်လည်တွေ့ ဆုံခြင်း ]
စောင့်မျှော်ရခြင်းတွေကို မုန်းတယ်။
လက်ကောက်ဝတ်တွင်ပတ်ဆင်ထားသော ရွှေရောင်တလဲ့လဲ့ နာရီကလေးအားကြည့်ကာ ရှောင်းကျန့် အကြိမ်ကြိမ်သက်ပြင်းချမိသည်။သူငယ်ချင်းဖြစ်သူ ကျိုးချန်၏ အနူးအညွတ် တောင်းဆိုမူ့ ကြောင့် အလုပ်မအားသည့်ကြားထဲ Blind date လာတွေ့ ရခြင်းပင်ဖြစ်သည်။ နာရီဝက်နီးပါး ထိုင်၍ စောင့်ဆိုင်းနေသော်လည်း ကျိုးချန် ပြောသည့် သူငယ်ချင်းကောင်မလေးမှာ အခုချိန်ထိ မရောက်လာသေး။ဆိုင်အပြင်ဘက်တွင်လည်း မိုးတွေသည်းကြီးမဲကြီး ရွာနေပါရောလား။ မှန်အပြင်ဘက်မှ မိုးပေါက်ကလေးများအား ဆွေးမြေ့ စွာ ငေးကြည့်နေမိသည့်အချိန် မိုးအနည်းငယ်စိုကာ ဆိုင်ထဲသို့ ဝင်ရောက်လာသူတစ်ဦးက မိုးရေစက်များအား ခါချရင်း ရှောင်းကျန့် ၏ အရှေ့ တည့်တည့်တွင် ၀င်ထိုင်လိုက်လေ၏။ ရှောင်းကျန့် လည်း ခေါင်းကိုတစ်ဆုံးငုံ့ ၍ သူ၏ အကျီ င်္ကိုသာ အဆက်မပတ်သုတ်ခါနေခဲ့သော ထိုသူအား ကြောင်ကြည့်ကာ မျက်မှောက်ကျူံ့ လိုက်မိသည်။
ဒီတစ်ယောက် နေရာများမှားထိုင်လေသလား။
ငါတွေ့ ရမည့်သူက သေချာပေါက် ကောင်မလေးဖြစ်ရမှာပါ။ ဘယ်လိုဖြစ်လို့ ကောင်လေးတစ်ယောက်ကလာထိုင်ရတာလဲ။ရှောင်းကျန့် လည်း တုံ့ ဆိုင်းမနေတော့ပဲ အရှေ့ မှ ထိုသူအား အကြောင်းအကျိုးမေးရန်ပြင်လိုက်ပြီး သေသေချာချာ စူးစိုက်ကြည့်လိုက်စဉ်တွင် သူမြင်လိုက်ရသော အရှေ့ က သူက !!
ရှောင်းကျန့် ဆွံ့ အသွားသည်။
ရူးသွားရလောက်အောင် အံ့သြမိနေတာတောင် စကားတစ်ခွန်းမျှ မဟနိုင်တော့ပဲ တဆစ်ဆစ်ထုံကျင်နေတဲ့ အဲ့ဒီနှလုံးသားအက်ကွဲကြောင်းတစ်နေရာလေးက အဲ့ဒီကောင်လေးရဲ့  အေးစက်စက် အညိုရောင်မျက်ဝန်းတွေကိုတော့ မေ့မသွားကြောင်း ဖော်ပြလာတယ်။" ၀မ်...ရိပေါ်... "
နူတ်ခမ်းဖျားမှ ခပ်ယဲ့ယဲ့တိုးထွက်လာတဲ့ နာမည်လေးတစ်ကြောင်းအား ခေါ်ဆိုလိုက်စဉ် ပြန့် လွင့်နေတဲ့ အတိတ်ကအကြောင်းအရာများဟာလည်း တစ်စတစ်စပြန်လည်ရှင်သန်လာပြီး နှလုံးသားတစ်စုံအား နာကျင်လိုက်ဖိုစေပြန်တော့သည်။