{ Zawgyi }
♡︎
[ ဒါတွေ ၀မ်ရိပေါ်မသိဘူး ]
နူးညံ့လွန်းသည့် လေညှင်းပြေပြေကလေးမှာ ခန္နာကိုယ်တစ်ခုလုံးကို ဖြတ်၍ အသာအယာတိုးလို့ ဝှေ့ ဝဲတယ်။ လွင့်ပျံနေတဲ့ ဆံနွယ်စနုနုလေးတွေနှင့်အတူ မျက်နှာပြင်ထက်သို့ လည်း လေညှင်းစလေးတွေ အရှိန်ဖြင့် ၀င်ရောက်ထိတွေ့ လာတယ်။ လက်နှစ်ဖက်အား ဖြေဆန့် ကာ စက်ဘီးဘေးဘက်တွင် ကားယားလိုက်ပြီး လက်ဖ၀ါးပြင်ထက် ရိုက်ခတ်လာသော လေလိုင်းများကို ကျေကျေနပ်နပ်ကြီး ခံယူနေမိတယ်။ စက်ဘီးစီးရတာ ဒီလောက်တောင် ပေါ့ပါးလွန်းစေတာလား။
ဝမ်ရိပေါ်ကျောပြင်ကြီးက နွေးထွေးလွန်းမယ့် ပုံပဲနော်...။ တဖြည်းဖြည်းအရှိန်မြန်လာသလိုကြောင့် ပြုတ်ကျမည်စိုး၍ စက်ဘီးအရှေ့ ခုံအား လက်ဖျားထိပ်လေးဖြင့် မထိတထိစုကိုင်ထားမိတော့ အရှေ့ မှ ထိုသူ့ ဆီမှ ရယ်သံခပ်သဲ့သဲ့ကြားလိုက်မိတယ်။ သူက ဘာကို ရယ်နေတာလဲ ?
" အရှေ့ မှာ ကုန်းဆင်းရှိတယ် ~ ပြုတ်မကျစေချင်ရင် သေချာကိုင်ထား "
ရိပေါ်၏ စကားကြောင့် အရှေ့ ထိုင်ခုံကိုသာ ကျစ်ကျစ်ပါအောင် သူဆုပ်ကိုင်ထားလိုက်မိတယ်။
" သေချာမကိုင်ရင် ကျပြီနော် ! ပြီးမှသတိမပေးဘူးမပြောနဲ့ "
ခြိမ်းခြောက်သံအနည်းငယ်ပါနေသော ရိပေါ်၏ အသံက ရှောင်းကျန့် အား အသေအချာသတိပေးနေပုံပင်။
ဒုန်း!!!!
ခဲလုံးအကြီးကြီးအပေါ်မှာ ဖြတ်သွားသည်ဖြစ်သောကြောင့် ရှောင်းကျန့် ၏ နောက်ခုံမှာ အနည်းငယ် ခုန်၍ ခါသွားတယ်။
ဒုန်း!!! ဒုန်း!!!
လမ်းအချောရှိလျက်သားနှင့် လမ်းအကြမ်းဘက်မှ ခက်ခက်ခဲခဲ နင်းနေသော ရိပေါ်ကြောင့် ရှောင်းကျန့် ချွေးပြန်လာတော့တယ်။ ငါပြုတ်ကျသွားရင် ဒုက္ခ။
" ရိပေါ်.... ဟိုဘက်က နင်းလေ "
" မနင်းဘူး ! "
ခပ်တိတိပြောလာသော စကားကြောင့် ရှောင်းကျန့် ငြိမ်ကျသွားတယ်။ ဘာလဲဟ ကြောက်ဖို့ ကောင်းအောင်...လိုက်လာမိတာ မှားပြီလားနော်။ ရိပေါ် နင်းနေသော အရှိန်မှာ ပို၍မြန်ဆန်လာတယ်။စက်ဘီးလေးတစ်ခါလိုက်စီးမိပါတယ် အသက်ကိုဖက်နဲ့ ထုပ်ထားသလို ရင်တလှပ်လှပ်နဲ့ ။