7 ♡︎

4.7K 514 9
                                    

{ Zawgyi }

♡︎

[ ရင်ခုန်ရလွန်းလို့ ရူးမှာပဲ ... ]

ကျောင်းဆင်းပြီ ဖြစ်သောကြောင့် ကျောင်းဝန်းထဲ၌ ကျောင်းသားများ ရုတ်ရုတ်သဲသဲဖြစ်လို့ နေသည်။ အခန်းထဲမှ ထထွက်သွားသော ရိပေါ်အား ရှောင်းကျန့် ဇက်ပြုတ်မတက်လိုက်ကြည့်လို့ နေ၏ ။ သူ့ နောက်ကို လိုက်ရပါမယ်ဆို စာအုပ်ကလည်း ကြိုမသိမ်းထားမိဘူး။ ကျိုးချန်ကလည်း ဘေးကနေ ဘာတွေပြောလို့ ပြောနေမှန်းမသိ။ သူ့ အာရုံထဲတွင် ၀မ်ရိပေါ်နောက်လိုက်ပြီး တောင်းပန်ချင်နေတာပဲသိ၏။

" ဟာ သွားပြီ ... ဘယ်ရောက်သွားလဲ မသိဘူး "

စိတ်ထဲမှစကားလုံးများလည်း စိတ်လွတ်လွတ်နှင့်နူတ်ခမ်းဖျားအပြင်ဘက်သို့ ပြုတ်ကျလာ၏။

" ဘယ်သူလဲ "

ရှောင်းကျန့် လည်း ကျိုးချန် အား မျက်နှာငယ်လေးဖြင့် ခေါင်းခါပြလိုက်သည်။

" ဘယ်သူမှမဟုတ်ပါဘူး "

ဘက်စ်ကားဂိတ်သို့ လမ်းလျှောက်လာစဉ် သူတွေ့ လိုက်ရသည်က ကျောင်းဝန်းထောင့် သစ်ပင်အကြီးကြီးနားတွင် ရူခင်းအားငေးကြည့်ရင်း ဆေးလိပ်ခပ်ဖွာဖွာသောက်နေသော ၀မ်ရိပေါ်ကိုပင်။ ကျောပိုးအိတ်အား တစ်ဖက်စောင်းလွယ်၍ လက်တစ်ဖက်ကလည်း ဘောင်းဘီအိတ်ကပ်ထဲ ထည့်လို့ ထားသေးသည်။ ၀မ်ရိပေါ်က တကယ့် လူဆိုး။

ဆေးလိပ်အားလက်ကြားညှက်ကာ မီးညှိ့ ၍ တစ်ချက်ရူသွင်းရင်း အငွေ့ လုံးများအား မူတ်ထုတ်လိုက်သော ရိပေါ်မှာ တစ်ခုခုအား တွေးတောနေဟန်ရှိသည်။ထိုစဉ် သောက်လက်စဆေးလိပ်အား ရုတ်တရက်ဆိုသလို နူတ်ခမ်းနှစ်လွှာကြားမှ ဆွဲထုတ်ခံလိုက်ရသောကြောင့် ဆွဲထုတ်လိုက်လေသော တရားခံအား ရန်ထောင်ရန် ရိပေါ်ခပ်တင်းတင်းလှည့်ကြည့်လိုက်မိသည်။

" ဆေးလိပ်တွေ မသောက်ပါနဲ့ လား "

ဘေးမှ ဆရာကြီးလာလုပ်နေသူက တခြားသူပင်မဟုတ်။ ' ငါ့ဘာသာ သောက်သောက် မသောက်သောက် မင်းနဲ့ ဘာဆိုင်လဲ ' လို့ မေးလိုက်ချင်ပေမယ့် နူတ်ခမ်းဖျားမှ တစ်ခုခုဆို့ ထားသလို ပြောမထွက်ခြင်းမှာ ရှောင်းကျန့် ဖြစ်နေခြင်းကြောင့်ပင်။

𝖣𝖤𝖠𝖱 𝖢𝖱𝖴𝖲𝖧  ( 一战  )Where stories live. Discover now