{ Zawgyi }
♡︎
[ နူတ်မဆက်ပဲ ၀င်လာပြီး
နူတ်မဆက်ပဲ ပြန်ထွက်သွားတယ် ]ကျောင်းဝန်းထဲသို့ ဝင်ရောက်လာတဲ့ ခြေလှမ်းတွေက အရင်နေ့ တွေကထက် ပိုမိုတက်ကြွနေခဲ့တယ်။ လက်ထဲမှာ ကိုင်ဆောင်လာတဲ့ ဖိုင်ထဲက စာရွက်တွေက ၀မ်ရိပေါ်စာကျက်တဲ့အခါ အခက်အခဲကင်းဝေးအောင် အထူးသဖြင့် အောင်မှတ်ဖိုးရအောင် တစ်နေ့ လုံး ၊ တစ်ညလုံး စုစည်းပေးထားတဲ့ Note တွေ ။
စိတ်ညစ်ဖို့ ကောင်းတာက အတန်းထဲဝင်သွားကတည်းက ၀မ်ရိပေါ်ရဲ့ ထိုင်ခုံကလေးမှာ ပိုင်ရှင်မဲ့ကွက်လပ်ကလေးဖြစ်လို့ နေတယ်။ သူဘာလို့ ကျောင်းမလာရတာလဲ...။ စာမေးပွဲက နီးနေပြီကို သူဘာလို့ ကျောင်းပျက်ရတာလဲ။ မဟုတ်မှလွဲရော သူကျောင်းပြေးပြန်ပြီလား...။ အခုဆို Church ကျောင်းနားက ခုံတန်းလေးမှာများ သွားထိုင်နေတာလား...။ မုန့် စားကျောင်းဆင်းချိန်တောင် သူ့ မှာ မထနိုင်ပဲ ဟိုကြည့်ဒီကြည့် ငေးမိုင်လို့ နေရတယ်။ ၀မ်ရိပေါ်ကျောင်းမလာတဲ့ နေ့ က သူ့ အတွက် ပြဿ ဒါးပဲ...။ မနက်ဖြန်ကျောင်းလာရင် အသေချာပြောပြရပါဦးမယ်...ကျောင်းမှန်မှန်တက် စာမခက်လို့ ။
အတန်းချိန်နောက်ဆုံးချိန်ဖြစ်တဲ့ သမိုင်းချိန်ဟာ အလှည့်ကျရောက်ရှိလို့ လာတယ်။ အတန်းပိုင် ဘာသာရပ်ဖြစ်သည့် အတွက်ကြောင့် အတန်းဖော်တွေ သိပ်မလူပ်ရဲသလို သူလည်းပဲ အတန်းပိုင် ပင်းလောင်စင်းကို ကြောက်ရပါတယ်။ လောင်စင်းက စာအုပ်တွေကို စုကိုင်ကာ အတန်းထဲသို့ ဝင်ရောက်လာတယ်။ မျက်နှာကတော့ မလန်းဆန်းပဲ ရိပေါ်၏ ခုံတန်းနေရာကို ကြည့်ကာ သက်ပြင်းတွေသာ အကြိမ်ကြိမ်ချနေမိတယ်။
" လောင်စင်း ! ၀မ်ရိပေါ်ဒီနေ့ လောင်စင်းအချိန်ပါလို့ ကျောင်းပြေးပြီထင်တယ် "
ကျိုးချန်က အညှောင့်ပင်ပေါက်မို့ လို့ လက်ထောင်ကာ တိုင်ပြောလေတော့ ရှောင်းကျန့် ခမျှာ ကြိတ်ပြီး မျက်စောင်းထိုးပစ်လိုက်ရပါသေးတယ်။ သူကျောင်းပြေးတာ ၊ မပြေးတာ ကျိုးချန်က ဘယ်လို သိမှာလဲ....ဟွင့် သူများကို ပြောဖို့ ပဲ သိတယ်။