{ Zawgyi }
♡︎
စာမျက်နှာ ၃ -
☘︎ - ခက်တာက အဲ့ဒီမျက်မှန်ကောင်လေးက သူ့ ကို စကားမပြောဘူး။ အဖတ်မလုပ်ဘူး။ အမြဲတမ်း မျက်မှန်ကြီး 'မ' တင်ကာ စာတွေ အသည်းအသန်လုပ်ပြီး အချိန်ပြည့် တွက်ချက်နေတာ ~ သူ့ ကိုရှိတယ်လို့ တောင် ထင်ရဲ့ လား မသိဘူး။ မျက်မှန်လေးရဲ့ စိတ်ဝင်စားမူ့ ကို သူရချင်တယ် ၊ လိုချင်တယ် ၊ တပ်မက်တယ် ၊ လိုအပ်တယ် ၊ ဘေးချင်းကပ်ထိုင်နေတာတောင် စကားတစ်ခွန်းမျှမပြောဘူး ၊ ဒီလို အခြေအနေအမျိုးကို ကြုံတွေ့ နေရတဲ့အခါမှာ သူ့ ဘက်က တဇွတ်ထိုးဆန်စွာ နှောက်ယှက်ဖို့ လိုအပ်လာတယ်။
သူစာရေးနေတဲ့ အချိန်တွေ ၊ စာမှတ်နေတဲ့ အချိန်တွေတိုင်း ဘောပင်နောက်ပိတ်နဲ့ ခုံကို တဒေါက်ဒေါက် လိုက်ခေါက်မိတယ်။ တစ်ခါတစ်လေ ခုံကို တမင်သက်သက် လူပ်ခါပစ်တယ်။
စာအုပ်ပေါ်မှာ ခေါင်းစိုက်စိတ်နှစ်ထားတဲ့ မျက်မှန်ရဲ့ အတွေးလေဟာနယ်လေးထဲမှာ တစ်စွန်းတစ်စလောက်ပဲ ဖြစ်ဖြစ် နေရာဝင်ယူချင်မိတာ ပါးဖောင်း အပြစ်လား။
တစ်ခါတစ်ရံ စားပွဲခုံအောက်ကနေ သူ့ ရဲ့ ခြေတံသွယ်သွယ်လေးတွေကို မတော်တဆ တမင်သက်သက် သွား၍ ထိကြည့်တယ်။ မျက်မှန် က မထင်ထားလောက်အောင် အရမ်းချေမိုးပါတယ်။ ခြေထောက်ကို တစ်ဖက်နေရာသို့ ချက်ချင်းပြောင်းရွေ့ ပစ်တော့ သူ့ မှာ အမျက်တော်ရှလာရတယ်။
နောက်ဆုံး လက်နက်အနေနဲ့ ပီကေကို အားပါပါ ၀ါးပြီး သူ့ ခုံထိပ်ကို သွား၍ကပ်လိုက်တော့ ၀ိုင်းစက်နေတဲ့ အလိုမကျမျက်ဝန်းတစ်စုံနဲ့ လာကြည့်ပြီး သက်ပြင်းတစ်ချက်သာချ၍ စာကိုဆက်လုပ်နေတယ်။
တကယ့်ကို ဘာတစ်ခွန်းဆို တစ်ခွန်းမျှ မဟတဲ့ မျက်မှန်ကြောင့် စိတ်တိုမိတာ ပါးဖောင်းရဲ့  အပြစ်လား။
အတန်းဖော်အများစုရဲ့ သင်ပုန်းဟာ အရှေ့ မျက်နှာစာတွင် ပိတ်ကပ်နေတဲ့ အနက်ရောင်အရာကြီးဖြစ်သော်လည်း ပါးဖောင်းရဲ့ သင်ပုန်းက ဘေးတွင် ထိုင်နေတဲ့ မျက်မှန်ရဲ့ မျက်နှာတော်တွင်သာ တည်ရှိတယ်။
အရှေ့ မှာ ဘယ်ဆရာ ၊ ဆရာမတွေပဲ စာသင်နေ သင်နေ အိပ်ငိုက်ချင်ယောင်ဆောင်ပြီး ခုံပေါ်ခေါင်းလှဲကာ စာသေချာလိုက်လုပ်နေတဲ့ မျက်မှန်ကို သူမျက်လုံးလေး အနည်းငယ်ဟပြီး ခိုးငေးဖူးတယ်။