{ Zawgyi }
♡︎
[ လွမ်းဆွတ်မိသော နွေလေညှင်းငယ် ]
သချာင်္ဆရာဖြစ်သူမှာအရှေ့ ကနေ အာပေါက်မတက် ဂရုတစိုက်ရှင်းပြနေသော်ငြား ခုံပေါ်ခေါင်းအပ်၍ အိပ်ပျော်နေသောသူကတော့ ၀မ်ရိပေါ်ပင်။
မျက်မှန်လေးအားလက်ညိုးဖြင့် 'မ'တင်ရင်း ဘေးမှ ထိုင်နေသော သူအား မ၀ံ့ရဲဖြင့် ချောင်းကြည့်လိုက်လေတော့...ဖြောင်တန်းနေသော အနက်ရောင်မျက်ခုံးတန်းလေးနှစ်ဖက်၊ ချွန်ထက်သယောင်ရှိသော နှာတံမြင့်မြင့်ကလေးက ချယ်ရီရောင် သမ်းနေတဲ့ နုဖက်ဖက်နူတ်ခမ်းပါးတစ်စုံနှင့် သိပ်ကိုလိုက်ဖက်လွန်းပါတယ်။ နို့ နှစ်ရောင်အသားအရည်နှင့်
ခုံပေါ်တင်ထားသည့် လက်ချောင်း သွယ်သွယ်လေးတွေက အစ ပန်းချီကားတစ်ချပ်ကဲ့သို့ တစိမ့်စိမ့်ထိုင်ကြည့်ဖို့ ထိုက်တန်လွန်းပါပေတယ်။ ခက်တာက ရုပ်ကလေးသနားကမားနှင့် ဆိုးသွမ်းလွန်းနေတာပါပဲ။ရှောင်းကျန့် လည်း ခေါင်းတယမ်းယမ်းဖြင့် သင်ပုန်းပေါ်မှ စာအားသေချာလိုက်ကြည့်နေသည့်အချိန်
အလယ်တန်းတွင် ထိုင်နေသော ကောင်လေးတစ်ယောက်က ရိပေါ်အိပ်နေသော အကြောင်းအရာအား တစ်ခန်းလုံးကြားအောင် အော်ပြောလိုက်လေတော့သည်။" လောင်စင်း ... ၀မ်ရိပေါ်အိပ်ပျော်နေတယ် "
ဝမ်ကျိုးချန်၏ စကားကြောင့် ကျောင်းသားများသည်လည်း ခေါင်းတင်လျက်အိပ်ပျော်နေသော ရိပေါ်ဆီသို့ လှမ်းကြည့်နေကြပီဖြစ်သည်။အိပ်ပျော်နေသော ထိုသူအား သတိပြန်ကပ်စေရန်အလို့ ငှာ ထိုသူ၏ ခုံအောက်မှ ခြေထောက်တွေကို ရှောင်းကျန့် သူ၏ခြေထောက်ဖြင့် သွားထိနေမိသည်။
" ၀မ်ရိပေါ်!!!!! ထစမ်း "
သချာင်္ဆရာမှာ ဒေါသတကြီးဖြင့် ခုံအနားရောက်လာပြီး နားကွဲမတက်အော်ဟစ်လိုက်တော့မှ ရိပေါ်မျက်ခွံများကို ဖွင့်ကာ ခေါင်းပြန်ထောင်လာတော့သည်။
" အာ လောင်စင်း နင်းဟောင် "
" ဘာနင်းဟောင်လဲ !!!! ငါ့စာသင်ချိန်က မင်းအိပ်ဖို့ မဟုတ်ဘူး ၀မ်ရိပေါ်!! သွား စာသင်ခန်းထဲက အခုထွက် "