{ Zawgyi }
♡︎
အတန်းတွင်း အတန်းချိန်ပြီးသွားပြီဖြစ်သောကြောင့် တခြားသော အခန်းကို ပြောင်းရွှေ့ ရတော့မည်ဖြစ်တယ်။ သူ့ ရဲ့ အတန်းသားတွေကိုတော့ အနာပေးလိုက်၊ ဆေးပေးလိုက်နှင့် နောက်တစ်ခါကျလျှင် အိမ်စာတွေ သေသေချာချာလုပ်ဖို့ သြ၀ါဒခြွေရင်း အခန်းထဲမှထွက်လာလိုက်ပါတယ်။
နားထင်ကို လက်ဖြင့်ဖိချလိုက်တော့ မျက်ခုံးဖြောင့်နှစ်ဖက် အလိုလိုတွန့် ချိုးလာတော့တယ်။ အိပ်ရေးပျက်တာတွေများတဲ့အပြင် ဒီရက်ပိုင်းအတွင်း အဆင်ကိုပြေမနေဘူး။
All " လောင်စင်း....နင်းဟောင် "
ကျောင်းသားတွေရဲ့ နူတ်ဆက်သံအား အသိအမှတ်ပြုသည့်အနေဖြင့် လက်ဟန်ပြကာ ပြန်ထိုင်ခိုင်းလိုက်တယ်။ A အခန်းက စာတော်တဲ့သူ ၊ လိမ္မာတဲ့သူတွေချည်းပဲမို့ ဒီအတန်းဟာ သူ့ စိတ်ထဲမှာ အမြဲတမ်း အမှတ်ပြည့်ပေးထားသည့် အတန်းကောင်းလေး။ သင်ဖူးသမျှအတန်းတွေထဲမှာ ဒီအတန်းကို သင်ရတာ စိတ်အချမ်းသာဆုံးလို့  ပြောရမယ်။ အတန်းသားတွေလည်း ငြိမ်တယ်။
" Chapter - 9 ကို သွားကြမယ် "
စာအုပ်အားလှန်ကာ ကျောက်သင်ပုန်းတွင် ပုစ္စာအချို့ အား ရှင်းလင်းပြရန် ချရေးလို့ နေတယ်။
" လောင်စင်း ... ကျွန်တော်တို့ အဲ့ဒီအပိုင်း ပြီးသွားပြီ "
" ဟမ် ဟုတ်လား "
စိတ်နဲ့ ကိုယ်နဲ့ နည်းနည်းလေးမှ မကပ်ဘူး။ ဝမ်ရိပေါ်အကြောင်းတွေပဲ ခေါင်းထဲရောက်ရောက်လာလို့ စိတ်တိုတိုနှင့် အတွေးထဲမှ ၀ဲခါထုတ်မိတယ်။
" ဒါဆို eg.24 နဲ့ ဆင်တူတဲ့ ပုစ္စာတစ်ပုဒ်ပေးမယ် ... တွက်ကြည့်ကြနော် "
All - " ဟုတ် လောင်စင်း .... "
ရူပ်ထွေးသဏ္ဍာန်ရှိသော ပုစ္စာတစ်ပုဒ်အား သင်ပုန်းပေါ်တွင် နေရာချစီတန်းရေးနေသည့်အချိန်၌ အခန်းထဲတွင်းတပ်ဆင်ထားသော speaker မှ ရုတ်တရတ်ဆန်သော ခပ်မာမာအသံအား သူကြားလိုက်ရတယ်။
' Hello ... Hello '
အတန်းသားတွေ ပြူးကြောင်ကြောင်ဖြင့် ဟိုကြည့်၊ ဒီကြည့် လုပ်လို့ နေတယ်။