{ Zawgyi }
♡︎
[ နောက်နေ့ = ရှစ်နှစ် ]
' 𝐃𝐞𝐚𝐫 𝐂𝐫𝐮𝐬𝐡 '
' Dear Crush ' ဆိုတဲ့ စာလုံးကြီးအား သူအသေအချာဖတ်ကာ စာရွက်တွေကို တစ်ရွက်ပြီးတစ်ရွက်ဆက်တိုက်လှန်ကြည့်မိတယ်။
ကျောင်းခန်းရှေ့ က ၀ရံတာမှာ တီရှပ်အဖြူ ၊ အပြာရောင် အားကစားဘောင်းဘီဝတ်ထားပြီး ကျိုးချန်နဲ့ အတူ ပြုံးရင်း စကားတွေ အားရပါးရပြောနေတဲ့ သူ့ ရဲ့ ဓာတ်ပုံနွမ်းနွမ်းလေး တစ်ပုံက စာရွက်ပြင်ထက်မှာ ဖိကပ်ခြင်းခံထားရတယ် ။ အောက်ဘက်ကို ဆက်ကြည့်မိတော့ လက်ရေးဖြင့်ရေးသားထားသော စာတိုလေးတစ်ကြောင်းဟာ မျက်ရည်များဆို့ တက်လာရန်အထိ လုံလောက်မူ့ ကို ပေးစွမ်းနေပါတယ်။
' လေးလုံးက သူများတွေ့ ရှေ့ မှာလည်း ပြုံးပြတယ် '
/
ဘက်စ်ကားမှတ်တိုင်တွင် ကျောပိုးအိတ်ကြိုးကို ကိုင်ကာ ဘက်စ်အလာကို စောင့်မျှော်နေ့ သည့် သူ့ ရဲ့ ပုံကလေးဟာ ထိုပုံထဲမှာ သိပ်ကိုအေးချမ်းလွန်းနေခဲ့ပါတယ်။
' လေးလုံးကို ငေးကြည့်ရတာ အပူအပင်ကင်းတယ် '
/
ကျောင်းသစ်ပင်နားမှာ ကျိုးချန်နှင့်အတူ နောက်ကျောပေးလမ်းလျှောက်နေတဲ့ ကျောပေးထားတဲ့ ပုံကလေးမှာတော့ ...
' လေးလုံးက ဘာဖြစ်လို့  basketball ကစားတာကို ခဏလေးပဲကြည့်ရတာလဲ '
/
သစ်သားဂစ်တာအညိုရောင်လေးအောက်ဘက်တွင်ရေးထိုးထားတဲ့ စာလေးတစ်ကြောင်းလည်း ရှိနေပါသေးတယ်။
' လေးလုံးကို ဂစ်တာတီးပြဖို့ လေ့ကျင့်နေတယ် '
/
' ဆေးလိပ်တွေ ဖျက်လိုက်ပြီ '
/
' ရန်လည်းမဖြစ်တော့ဘူး '
/
' လေးလုံးက ခန့် မှန်းရခက်တယ် '
/
' လေးလုံးကို တကယ်နားမလည်နိုင်တော့ဘူး '
/
' လေးလုံးက သူ့ စိတ်ကို မမြင်ဘူး '
/
' လေးလုံးက ကျင်းရှန်းနဲ့ အထင်ထပ်လွဲပြန်ပြီ '