{ Zawgyi }
♡︎
[ ပထမဆုံး သို့ သော် နောက်ဆုံး ]
( 王一博 + 肖战
ဝမ်ရိပေါ် + ရှောင်းကျန့် )Blackboard တွင် မြေဖြူ ချောင်းဖြင့် ရေးထိုထားသော ၀မ်ရိပေါ် အပေါင်း ရှောင်းကျန့် ဆိုတဲ့ စာတန်းကြီးအား ရိပေါ် စူးစိုက်ကြည့်လို့ နေတယ်။
" ဒါဘယ်သူ လက်သရမ်းတာလဲ ! "
ရိပေါ်၏အသံအနေအထားမှာ ဒေါသသံစိုစွတ်စွတ်။ သူနဲ့ ရိပေါ်ကျောင်းအ၀င်အ၀မှာဆုံကြပြီး ကျောင်းခန်းထဲ အထိ အတူဝင်လာကြတာဖြစ်တယ်။
" ငါသွားဖျက်လိုက်မယ် ရိပေါ် "
သင်ပုန်းအနားသို့ အမြန်ပြေးသွားလိုက်ပြီး သင်ပုန်းဖျက်အား ဆွဲယူကာ ထိုအရူပ်ထုပ်စာတန်းကြီးကို မျက်နှာပူပူနှင့် သွားဖျက်လိုက်ရတယ်။ ကျောင်းပြဇတ် ကပွဲ ပြီးသွားကတည်းက အတန်းထဲက အတန်းဖော်တချို့ က သူတို့ နှစ်ယောက်ကို လိုက်စနေကြတာ အရမ်းပါပဲ။ သူ ဖြတ်လျှောက်သွားလျှင်လည်း ' ၀မ်ရိပေါ် ' ၀မ်ရိပေါ် ' လို့ မသိမသာ လှမ်းအော်ပြီး စကြသလို သူ့ ကိုလည်း ၀မ်ရိပေါ်နဲ့ ဘာညာ ဘာညာလို့ ထင်နေကြသတဲ့။
" ငါနဲ့ လေးလုံးက ဘာမှမပတ်သတ်ဘူး "
ရှောင်းကျန့် ၏ ခြေလှမ်းများ တန့် ခနဲရပ်တန့် သွားပြီး ရင်ဘတ်ထဲ ပူပြင်းလွန်းသော နွေလေပူတစ်ချက် ဝှေ့ ဝဲသွားတယ်။
" နောက်တစ်ခါ လေးလုံးကို ငါနဲ့ လာစရင် ငါ့ကို အဆိုးမဆိုနဲ့ ~ ငါ့အကြောင်းကို သိသင့်သလောက်သိကြမှာပါ ! "
အတန်းထဲက သူများ တိတ်ဆိတ်ငြိမ်သက်သွားတယ်။ ရိပေါ်အား ဘယ်သူမှ မော်မကြည့်တော့ပါပဲ ကိုယ်လုပ်စရာရှိတာသာ ပြန်လုပ်နေကြတော့တယ်။
ရိပေါ်က သူနဲ့ အစခံနေရတာကို ရှက်လို့ နေလိမ့်မယ်...။ တကယ်လည်း ဘာမှ မပတ်သက်ပါဘူးလေ... သူကိုယ်တိုင်ကိုက အတွေးလွန်ပြီး စည်းတွေဘောင်တွေ ကျော်ခွချင်နေတာ။
" ဟုတ်...ဟုတ်တယ် ရိပေါ်နဲ့ ငါနဲ့ က ဒီအတိုင်း သူငယ်ချင်းတွေမို့ လို့ ~ နောက်တစ်ခါ လိုက်မစကြပါနဲ့ နော် ~ ရိပေါ်လည်း မကြိုက်သလို ငါလည်း မကြိုက်လို့ ပါ "