{ Zawgyi }
♡︎
[ သူ့ တစ်ယောက်တည်း အတွက် ]
|
' ဖန်းဝီ၀ီ 'ဆိုသည့် အတန်းထဲမှ မျက်မှန်လေးထောင့်နှင့် ကောင်မလေးတစ်ယောက်က ၀မ်ရိပေါ်ကို ရည်းစားစကား လာပြောလို့ နေတယ်။ ရင်တလှပ်လှပ်နှင့်သာ ရိပေါ်နှင့် ထိုကောင်မလေးရဲ့ အခြေအနေကို သူအပါအ၀င် တစ်ခန်းလုံးငေးကြည့်နေကြတယ်။ ၀မ်ရိပေါ်ကတော့ ထိုကောင်မလေးရဲ့ စကားတွေကို ခေါင်းတညိတ်ညိတ်နှင့် နားထောင်ပေးနေရင်း စာရွက်တစ်ရွက်မှာ တစ်ခုခုကို ချရေးနေပုံရတယ်။ ပြီးနောက် ထိုကောင်မလေးကို သူရေးထားတဲ့ စာရွက်လေးအား လေးခေါက်ချိုး သဏ္ဍာန်သေသေချာချာ ခေါက်ပေးကာ မော့ကြည့်ရင်း တစ်ခွန်းထဲပြန်ပြောလိုက်တယ်။
" မျက်မှန်နဲ့ ကောင်မလေးတွေကို သဘောမကျဘူး ~ "
ရှောင်းကျန့် မျက်နှာငယ်လေး ဖြစ်သွားတယ်။
ရိပေါ်၏ စကားသံကို ကြားလိုက်ရတော့ ဘာကြောင့်မှန်းမသိ သူ့ ရင်ထဲမကောင်းတော့။ မျက်မှန်ဝိုင်းလေးကို လက်ညိုးလေးကွေးကာ ပင့်တင်ရင်း တိတ်တိတ်လေး တွေးတောလိုက်တယ်။ ' မျက်မှန်တပ်ထားတဲ့ သူတွေကို ရိပေါ်က သဘောမကျဘူးကိုး '။ ရင်ဘတ်ထဲမှာ တလှပ်လှပ်နဲ့ အစာမကြေသလို ခံစားချက်ကြီးရလိုက်တယ်။ သူနှစ်တန်းအရွယ်လောက်တည်းက မျက်လုံးအားနည်းတာကြောင့် မျက်မှန်ဝိုင်းလေးကိုပဲ အားကိုးလာရတာ...အတန်းကြီးလာတာနဲ့ အမျှ ပါဝါတွေတိုးရပြီး မျက်မှန်မရှိရင် မဖြစ်တဲ့ဘ၀ရယ်ပါ။ ၀မ်ရိပေါ်က အဲ့လိုတည့်တိုးကြီး ပြောချလိုက်တော့ ဟိုကောင်မလေးတော့ ဘယ်လိုနေလဲ မသိဘူး...သူတော့ တသက်လုံး တပ်လာရတဲ့ မျက်မှန်ဝိုင်းလေးကိုတောင် ရုတ်တရတ် ပစ်ထားချင်မိသွားတယ်။
ဒါနဲ့ ဝမ်ရိပေါ်က စာရွက်ထဲမှာ ဘာတွေများ ချရေးပြီး ပေးလိုက်တာပါလိမ့် !။
******
ဒီနေ့ က အားလုံးစောင့်မျှော်နေကြတဲ့ ပြဇာတ်ကရမယ့်နေလေးပေါ့။ ရိပေါ်ကတော့ ဖလော်ရီယမ် မင်းသားလေး ... လျို ကျင်းရှန်းက စနိုးဝိုက်မင်းသမီးလေး ... ကျိုးချန်ကတော့ သူနဲ့ အတူတူ လူပုလေးနေရာက သရုပ်ဆောင်ရမှာလေ။