{ Zawgyi }
♡︎
[ သို့ .... ၀မ်ရိပေါ် ]
ကျောင်းပိတ်ရက်ထဲက တစ်ရက်အပါအ၀င်ဖြစ်တဲ့ ဒီနေ့ ဟာ စနေနေ့ ။ စာမေးပွဲနီးပြီဖြစ်တာကြောင့် ဟင်းနုနွယ်ရွက်နဲ့ နွားနို့ တွေကို မေမေက အမြဲတမ်းလိုလို စားခိုင်းသောက်ခိုင်းနေတယ်။ အဓိကကတော့ ဥာဏ်ကောင်းဖို့ နဲ့ အားရှိဖို့ အတွက်ပါတဲ့လေ။ အခုလည်း ခုံပေါ်မှာ တင်ပေးထားတဲ့ ဖြူ ကျဲကျဲနွားနို့ ခွက်ကို တကျို က်တည်း မော့သောက်ကာ စာမေးပွဲအတွက် လိုအပ်လောက်မယ့် note တွေစုစည်း နေမိတယ်။ အခက်ဆုံးလို့ ထင်ရမယ့်စာတွေကို အလွယ်ကူဆုံးဖြစ်အောင် အပင်ပန်းခံပြီး note ထုတ်နေရသည်မှာ ၀မ်ရိပေါ်ကို မှတ်စုတွေပေးချင်မိလို့ ပဲဖြစ်တယ်။ 9နာရီခွဲပြီ...။
Ring 🎶
မွေ့ ယာပေါ်မှာ လက်နှိပ်ဖုန်းလေး တအီအီထမြည်တော့ သူအမြန်ပြေးကာ ကိုင်လိုက်ရတယ်။ မဟုတ်ရင် ဖုန်းသံကြားလို့ မေမေအပေါ်ကို တက်လာမှ ဖုန်းပြောရတာ မလွတ်မလပ်ဖြစ်နေဦးမယ် မဟုတ်လား။
" ဟယ်လို .... "
" လေးလုံး ! "
ရုတ်တရတ်ကြားလိုက်ရသော ရိပေါ်၏အသံကြောင့် ခေါင်းထဲမှ အသံတွေ တဒိန်းဒိန်း အုံကြွလာတယ်။
" အပြင်ထွက်ခဲ့ .... အခု "
" ဟမ် ... ဘာကြီး "
" လမ်း...ထိပ်...မှာ...ငါ ရောက် နေ တယ် "
စကားကို တစ်လုံးချင်းဆီ ထောက်ထောက်ပြောနေတဲ့ ရိပေါ်၏ အသံက သိပ်ကို ကြက်သီးထစရာ ကောင်းလွန်းပါတယ်။
" ဘာတွေပြောနေတာလဲ ရိပေါ် ... ညရောက်နေပြီ... 9နာရီ ခွဲနေပြီ....ငါထွက်လာလို့ မရ.... "
စကားမဆုံးခင်မှာပဲ မေမေက အခန်းတံခါးဖွင့်ပြီး ၀င်လာတော့ ထိပ်ခနဲဖြစ်ကာ အသက်ရူသံတွေ မမှန်နိုင်တော့ပဲ ဒူးတွေပါချောင်ကျသွားတယ်။ ၀မ်ရိပေါ်နဲ့  မပေါင်းခိုင်းပါဘူးဆို ဖုန်းပြောနေတဲ့အကြောင်းသာ မေမေသိသွားရင် သူရိုက်ခံရမှာ အသေအချာပါပဲ ။ ကြက်မွှေးစာတော့ ထပ်မမိချင်ဘူး...သူချက်ချင်းပဲ အခေါ်အဝေါ်ကို ပြောင်းလဲပစ်လိုက်တယ်။