{ Zawgyi }
♡︎
[ ၀မ်ရိပေါ်ငါ့ကို ရှောင်နေတယ် ]
မျက်လုံးရှေ့ မှ ၀ါးတားတား အရာဝတ္တု သဏ္ဍာန်များ လူပ်ရှားနေသည်ကို မြင်ရတော့မှ သူသတိထားမိလိုက်သည်။ ခုန လှေကားပေါ်က ပြုတ်ကျတုန်းက မျက်မှန်ကြီး ဘယ်နေရာကျွတ်ကျခဲ့မှန်းမသိ။ စာအုပ်ကို ပြန်ယူချင်သည့်စိတ်နှင့်သာ တဇွတ်ထိုးလုပ်လိုက်မိလေခြင်း ။
အာ ...တကယ်ရူးချင်တာပဲ။
မျက်လုံးနှစ်ဖက် လက်ဖြင့်အသေအချာပွတ်ကာ ကျိုးချန်ရှိရာ အရှေ့ တန်းသို့ သူလျှောက်လာလိုက်သည်။ ကျိုးချန်နှင့် အတူ မျက်မှန်သွားရှာပြီး စပ်ဖျင်းဖျင်းဖြစ်နေတဲ့ သူ့ ၏ ဒဏ်ရာတွေကို အသေချာကြည့်ရဦးမည် ဖြစ်သည်။ သူတကယ် မူန်ဝါးဝါးအရိပ်များသာ မြင်နေရလေခြင်း။
" ၀မ်ကျိုးချန် ! ကျိုးချန် "
အရှေ့ မှ ထိုသူအား လက်ဖြင့်သွားပုတ်ခေါ်နေသော ရှောင်းကျန့် ကြောင့်...
" အာ ဘာလဲ ငါကျီလီလေ ~ မင်းမမြင်ရဘူးလား
ရှောင်းကျန့် ! ဟမ် လက်ခုံမှာလည်း ပွန်းပဲ့နေရော "" အော် ကျီလီ လား ~ ဒါဆို ကျိုးချန်က ဘယ်တစ်ယောက်လဲ ငါဝါးနေလို့ ဘာမှသေချာမမြင်ရတော့ဘူး "
" ကျိုးချန် ခုနလေးတင် ပင်းလောင်စင်း နဲ့ လိုက်သွားတယ် ~ "
ထိုအချိန်တွင် သူ၏လက်အား ဆွဲဆောင့်လိုက်သော သူတစ်ယောက်ကြောင့် ရှောင်းကျန့် အငိုက်မိ၍ ဆွဲခေါ်ရာနောက်သို့ အပြီးတိုင်ပါသွားခဲ့သည်။
" ဟေး ၀မ်ရိပေါ်~ ဖြည်းဖြည်းလုပ်စမ်းပါကွာ
သူက လူနော် "ကျီလီ ၏ စူးစူးဝါးဝါးအသံကြောင့် သူ၏ လက်အား ဆုပ်ကိုင်လျက် ခေါ်ဆောင်သွားသော သူမှာ ၀မ်ရိပေါ်ဖြစ်ကြောင်း ရှောင်းကျန့်  သိမြင်သွားသည်။
' ၀မ်ရိပေါ်က ငါ့လက်ကို ကိုင်ထားတယ် ' ဆိုသည့် အသိက ရှောင်းကျန့် ၏ နှလုံးခုန်သံအား ခပ်မြန်မြန်အရှိန်ဖြင့် ထိုးတက်လာစေသည်။ အောက်ဆုံးထပ်သို့ ဆင်းလာပြီး ထောင့်ဆုံးနေရာမှ ခုံတန်းလျားလေးပေါ်တွင် ရှောင်းကျန့် အား နေရာတကျ ထိုင်စေ၏။ ထို့ နောက် မျက်မှန်အထူလေးအား ထုတ်ကာ သူ၏ နားနှစ်ဖက်တွင် သေသေချာချာ ချိတ်တွယ်စေတော့သည်။