21 ♡︎
4.4K 419 13
{ Zawgyi }
♡︎
စာမျက်နှာ ၉ -
လွန်ခဲ့တဲ့ ၄နှစ်ကျော်လောက်ကတည်းက ပဲတောင့်ရှည်ကောင်က လျှို ပန်းသီးကို တစ်နည်းမဟုတ် တစ်နည်းနဲ့ လိုက်နေခဲ့တာ ၊ ဖွင့်ပြောမူ့ နည်းလမ်းပေါင်းစုံနဲ့ လိုက်နေခဲ့တာ...မရိုးအီဘူးလား ~ မပင်ပန်းဘူးလား ~ အကြိမ်ကြိမ်အခါခါငြင်းဆန်နေတဲ့ ပန်းသီးကိုရော သူစိတ်မလေ လာဘူးလား။ လူတစ်ယောက်ကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းရင်း နှစ်အကြာကြီးထိ ချစ်နိုင်တယ်ပေါ့ ? စွဲလန်းနိုင်တယ်ပေါ့ ? သူတကယ်နားမလည်နိုင်ခဲ့ဘူး......ပဲတောင့်ရှည်ကောင်က ဘာဖြစ်လို့ ပန်းသီးတစ်ယောက်ထဲကိုပဲ ဇွဲရှိရှိလိုက်နေလဲဆိုတာကို သူအသေအချာမသိနိုင်ဘူး။
ကျောင်းခန်းထဲထိ လက်အတင်းဆွဲပြီး ချစ်ကြောင်းလာဖွင့်ဟနေတဲ့ ပဲတောင့်ရှည်ကို  အားပြင်းပြင်း ဆွဲထိုးလိုက်မိတယ်။ မိန်းကလေးတစ်ယောက်ကို လူကြားထဲမှာ ဆွဲလားရမ်းလားလုပ်တာ မဖြစ်သင့်ဘူး။ ဟိုဘက်ကလူကလည်း သူ့ ကို ဘယ်အချိန်ထဲကမကျေမနပ်ဖြစ်နေလဲ မသိတော့ပါဘူး ~ အပြိုင်အဆိုင်ထိုးသတ်ကြတာ ဆရာမတွေပါ အတန်းဖော်တွေပါ ၀င်ဆွဲရသည်အထိ။
မျက်မှန်ရောက်လာခဲ့ရင် သူရန်ဖြစ်ထားတာကို မြင်တွေ့ သွားမှာစိုးလို့ ခုံပေါ်ခေါင်းအပ်အိပ်နေမိတယ် ။ ရန်မဖြစ်တော့တာ ကြာပြီ ... ကျောင်းမပြေးတော့တာလည်း ကြာခဲ့ပြီ .... မျက်မှန်ရဲ့ အမေက သူနဲ့ အပေါင်းအသင်းမလုပ်ခိုင်းမှာစိုးလို့ ပြင်ဆင်နေတာကြာခဲ့ပါပြီ။
မျက်မှန်ရဲ့ ခြေကျင်းဝတ်နဲ့ ဘွတ်ဖိနပ်အပြာရင့်ရောင်လွင့်လွင့်လေးကို ခေါင်းမှောက်လျက်နဲ့ သူ ခိုးကြည့်နေမိတယ်။ မျက်နှာပေါ်က ဒဏ်ရာဒဏ်ချက်တွေကို မျက်မှန်တွေ့ သွားရင် သူ့ ကိုအရမ်းဆိုးသွမ်းသူလို့ ထင်သွားမလား ~ စိတ်ရောပျက်သွားလေမလား ဆိုတဲ့ ခံစားကတော့ အမျိုးမျိုးအဖုံဖုံ နှောက်ယှက်လို့ နေတယ်။
𝖣𝖤𝖠𝖱 𝖢𝖱𝖴𝖲𝖧  ( 一战  )Where stories live. Discover now