Chapter (3)

4.6K 471 17
                                    

Unicode...

~~~~~

သူနာပြုတဲ့လေ....

နေခြည့် ဒူးခေါင်းကဒဏ်ရာကို သူရရဲ့ အပြင်ခံအင်္ကျီနဲ့ သေချာလေးစည်းပေးနေတဲ့ သူမအား ငေးနေမိပါတယ်။သူမကို Skateစင်ကနေခုန်ချမယ့်အချိန်မှာ မထင်မှတ်ထားဘဲ တွေ့ခဲ့မိလို့ နေရာလွှဲပြီး အုတ်ဘောင်ပေါ်ကျသွားခဲ့တယ်။Skate ကိုဆွဲချွတ်ပြီး ဒူးကဒဏ်ရာကိုမြင်တာနဲ့
ဘာလုပ်ရမလဲဆိုတာသိတဲ့ သူမလေးက ဆေးအဖွဲ့
တစ်ခုခုကဖြစ်မယ်လို့ခန့်မှန်းမိပြီး သူနာပြုလားလို့ မေးတဲ့အခါ သူနာပြုတစ်ယောက်ဖြစ်ကြောင်းအဖြေပြန်ပေးလာခဲ့တယ်။ သူမကို နေခြည် တစ်ကြိမ်သာမြင်ဖူးခဲ့ပြီး တွေ့နိုး တွေ့နိုးနဲ့ရောက်တဲ့နေရာတွေမှာ ရှာကြည့်ခဲ့သေးတယ်။ သူမကို ဒီမှာမြင်လိုက်ရတော့ ရင်ဘတ်ထဲက နှလုံးသားကြီးကလည်းSkate စီးပြီးဆော့နေကြသလိုမျိုး ခုန်ဆွခုန်ဆွနဲ့နေရတာ အဆင်ပြေမနေဘူး။

ဘေးတိုက်မြင်နေရတဲ့ သူမရဲ့မျက်နှာနုနုလေးကို
ငေးကြည့်နေရင်း နှုတ်ခမ်းကပြုံးနေမိလို့ နေခြည့်
မောင်ဖြစ်တဲ့ သူရ ပခုံးကိုလာတို့ပြီး သတိပေးနေ
တယ်။

"မမ နင်ရရဲ့လား"

"နင်ငါ့ကိုတော့ တွဲပေးရမယ် သူရ"

"အေးအေး.. "

မောင်နှမနှစ်ယောက်ဆိုင်ကယ်နဲ့သာ လာခဲ့ကြတယ်။
ဖေဖေကလည်း သူ့အလုပ်ကိစ္စနဲ့ကားယူသွားတာဖြစ်လို့ လာခေါ်ခိုင်းရင်လည်း အဆူခံရမှာနဲ့ တန်မှာမဟုတ်။ အခုလို ဒဏ်ရာတွေရတာသိရင်ပိုပြီးဆူကြမှာ ။ အိမ်ရောက်ရင် မေမေ့ရဲ့လက်စာမိဦးမှာကြိုသိနေတယ်။

"လာ..မမ.."

"ဖြည်းဖြည်း ..ထနော်"

"အင်းပါ"

သူရနဲ့အတူ သူမ လည်း နေခြည် ကိုတွဲပေးတယ်။
ရင်ဘတ်ကြီးကခုန်ဆွနေပါတယ်ဆို သူမ ကလက်မောင်းကိုတွဲထားနေပြန်ပြီ။

"ဘာနဲ့လာတာလဲ"

"ဆိုင်ကယ်နဲ့.."

"ရပါ့မလား ဒဏ်ရာတွေနဲ့လေ"

စိုးရိမ်သလိုမေးနေပြန်တော့လည်း ကြည်နူးမိသား...

"ရပါတယ် မောင်လေး စီးပေးမှာပဲလေ..
နောက်ကလိုက်စီးလို့ရတယ်"

နေခြည်Where stories live. Discover now