Chapter (26)

4.1K 423 31
                                    

Unicode...

~~~~~

နီရဲယောင်ကိုင်းနေသောလက်ညိုးထိပ်ကို ကသစ်သေချာကြည့်လိုက်တဲ့အခါ ခပ်သေးသေးချုပ်ထား
တဲ့ ဒဏ်ရာတစ်ခုတွေ့လိုက်ရတယ်။ထင်တဲ့အတိုင်းဒဏ်ရာအဟောင်းကနေ အနာမကျက်ဘဲ အနာထပ်ဖြစ်လာခဲ့တာ ။ အထဲမှာရှိတဲ့အနာကနေပြည်တွေဖောင်းတက်နေတာမလို့ အတွင်းမှာလှိုက်စားတဲ့ဒဏ်ကိုခံနေရပြီ။အရေပြားမှာဖောင်းတက်နေပြီး နီရဲနေတာ။အနာကိုဂရုမစိုက်ဘဲ ပေတေပြီးနေတာ။ သူမလက်ကိုစမ်းသပ်တဲ့အခါ နာကျင်လို့ မျက်နှာမှာ တစ်ချက်တစ်ချက်ရှုံ့မဲ့သွားခဲ့သည်။အခန်းထဲအ
တင်းဆွဲခေါ်ခဲ့လို့လိုက်၀င်ခဲ့ရတဲ့ နေခြည့်ပုံစံက ခပ်တည်တည်နဲ့ဒေါင့်ကမကျိုး။

"အနာကဘယ်တုန်းကဖြစ်တာလဲ...
ကြာနေပြီမဟုတ်လား..ဘာလို့ဆေးခန်းမပြတာလဲ"

ထုံပေပေနဲ့ဘာစကားမှ ပြန်မပြောလာ...

"နေခြည်..."

လေသံမာမာနဲ့ခေါ်လိုက်မှ မျက်လုံးစိမ်းတွေနဲ့ပြန်
ကြည့်လာခဲ့တာ။

"ဘာလဲ.."

"ငါမေးနေတယ်လေ.."

"နင်မေးတိုင်း ငါကဖြေရမှာလား"

စိတ်မရှည်သလိုပြန်ပြောနေသေးတာ။ နေခြည့်စိတ်ကို ကသစ်အသိဆုံး အဲ့လောက်ထိအပြောအဆိုတွေ
ကြမ်းတမ်းတဲ့သူမျိုးမဟုတ်။ ကသစ်ကို တမင်ပြောနေမှန်းရိပ်မိနေပါတယ်။

"နင့်လက်ကိုဖြတ်ထုတ်ရရင်ဘယ်လိုလုပ်မလဲ
အခုတောင် ပြည်တွေကအတွင်းမှာလှိုက်စားနေပြီ
အရိုးနားကပ်နေပြီ အဲ့ဒါနင်သိရဲ့လား"

"အာ...နင် ငါ့အနာကိုကြည့်ပေးမှာလား
ဆုံးမတဲ့စကားကိုပြောမှာလား...
စကားကိုများတယ်..မကြည့်ချင်ရင်မကြည့်ပေးနဲ့
အနာရင်းလို့ဖြတ်ရမယ်ဆိုလည်း ဖြတ်လိုက်မယ်..
ငါ့လက်နဲ့ငါပဲ.."

မာဆတ်ဆတ်နဲ့တစ်ခွန်းမကျန်ခံပြောနေတဲ့ နေခြည်
ကြောင့် စိတ်ကိုလျော့ချလိုက်တယ်။ ကိုယ်ကသာ
စိုးရိမ်နေရတာ သူကတော့ သူ့လက်နဲ့သူ ဖြတ်ချင်
ဖြတ်မှာတဲ့လေ။ ဆက်ပြောနေရင် စကားများရန်ဖြစ်
ရဦးမယ်။ စိတ်ဆိုးစိတ်တိုခဲ့လို့ရှိရင် ပြန်ချော့မယ်
လူမျိုးမဟုတ်။ ချစ်သူတွေဘ၀တုန်းက ကသစ်ဖက်
ကအရင်စခေါ်မှ ပြန်ခေါ်တဲ့သူမဟုတ်လား။

နေခြည်Where stories live. Discover now