Unicode...
~~~~~
ကြတ်ဂူကနေပြန်လာပြီး စားသောက်ဆိုင်မှာအားလုံး
အတူဝိုင်းစားကြတယ်။ကသစ်နေတဲ့အိမ်အထိပြန်ပို့
ပေးတဲ့အချိန်မှလည်း အဆင်ပြေခဲ့တယ်။ပြန်ခါနီး
အပြုံးနဲ့နှုတ်ဆက်တဲ့ ကသစ်ရဲ ဖေဖေနဲ့မေမေ တို့
ကြောင့် နေခြည် ပျော်ခဲ့ရပါတယ်။နေခြည်နဲ့ကသစ်
ရဲ့ဆက်ဆံရေးကို ရိပ်မိသလို စကားပြောလည်း
စိတ်ဆိုးအမြင်မကြည်တာမျိုး မရှိတာကြောင့် အိမ်
ပြန်ချိန်မှာ နေခြည်တို့မောင်နှမနှစ်ယောက် ကျေနပ်
ခဲ့ရတယ်။ အိမ်ကဖေဖေနဲ့မေမေတို့လည်း ပျော်ရွှင်
နေတဲ့ နေခြည့် ကို ဆက်ပြီးပျော်ရွှင်စေချင်တယ်လို့
သာ ပြောခဲ့ကြတယ်။ဒီနေ့မှာလည်း နေသူရနဲ့နေခြည်တို့ကပဲ ကသစ်တို့ကို
ဖေဖေ့ရဲ့ Alphard ကားကြီးနဲ့ထီးပွင့်ကန်နဲ့ ကန်ခုနှစ်ဆင့်ကို ပို့ပေးဖို့ထွက်လာခဲ့ကြပြီ။ကားနောက်ခန်း
မှာ မေမေနဲ့နန္ဒာစိုးတို့ပြင်ဆင်ပြီးထည့်ပေးခဲ့ကြတဲ့
ထမင်း၊ဟင်းတွေ ဆွဲခြင်းနဲ့အပြည့် ပါလာခဲ့သည်။
ကန်ခုနှစ်ဆင့်ကိုရောက်ရင် ကန်အမှတ်(၆)မှာအပန်း
ဖြေအနားယူကြပြီး စားကြသောက်ကြမည်။အတွေး
လေးနဲ့ ကသစ်တို့အိမ်ကို ရောက်လာခဲ့ကြတယ်။
တစ်မိသားစုလုံး ပြင်ဆင်ပြီး အဆင်သင့်စောင့်နေ
ကြတာဖြစ်လို့ အိမ်ထဲဝင်မနေတော့ဘဲ ထီးပွင့်ကန်
နဲ့ ကန်ခုနှစ်ဆင့်ရှိရာကို တစ်ခါတည်း ထွက်လာခဲ့
ကြတယ်။ ဒီနေ့တော့ မနေ့ကလို နေသူရဘေးမှာ
မထိုင်တော့ဘဲ ကသစ်ရဲ့ဖေဖေ ဦးဇေယျာကို အရှေ့
Passanger နေရာထိုင်စေခဲ့တယ်။ အလယ်တန်းမှာ ကသစ်ရဲ့မေမေ ဒေါ်မိုးမိုးသွယ်နဲ့ညီမဖြစ်သူ
သွန်းဆက်ချိုတို့နှစ်ဦး ထိုင်ကြတယ်။နောက်ဆုံးတန်းမှာတော့ ကသစ်နဲ့ အတူထိုင်ခဲ့တာနေခြည်ပါပဲ။
အားလုံးကို အနောက်ဘက်ကနေထိုင်ပြီး ကန်ကြီး
ခုနှစ်ဆင့်အကြောင်းကို လုံးစေ့ပတ်စေ့ရှင်းပြ
ခဲ့တယ်။ ညကတည်းက ကသစ်တို့ကိုပို့ရမှာဖြစ်လို့
ရှိသမျှခရီးသွားလုပ်ငန်းမှာတင်ထားတဲ့ Reviews
ကို အသေအကြေလေ့လာခဲ့ရတာ။ ယောက္ခမကြီး
တွေကိုရှင်းပြရတာ ပျော်တာကိုး..ကိုယ့်ကိုအထင်ကြီးအောင် သဘောကျအောင် အမျိုးမျိုးလုပ်ဆောင်ခဲ့ရတာ ဘယ်လောက်ပင်ပန်းတယ်မှတ်လဲ။
YOU ARE READING
နေခြည်
Romanceငါတို့နှစ်ယောက်ကလေ .. ကမ္ဘာမြေနဲ့ကောင်းကင်ယံကကြယ်တွေလိုပဲ မြင်တွေ့နေခွင့်ရတယ် .. ဆုံစည်းခွင့်မရဘူး။