Chapter (14)

4.2K 397 34
                                    

Unicode...

~~~~~

သတို့သမီးဖြစ်တဲ့ အဲလ်လိဇဘက် သတို့သားခြံဝန်း
ထဲဝင်တဲ့အခါမှာ သတို့သားအိမ်မှာအသင့်စောင့်နေကြတဲ့ ရွာထဲကလူတွေ ခဲဖိုးတောင်းနေကြပြန်ပြီ။
တောင်းတဲ့သူတွေများတာကြောင့် သတို့သားခမျာ
အိတ်ထဲထည့်ထားတဲ့ စာအိတ်တောင် မလောက်တော့လို့ အဲလ်လိဇဘက်မှာပါလာတဲ့ စာအိတ်တွေကို ထုတ်ပေးနေရတယ်။စာအိတ်ထဲမှာထည့်ထားတဲ့
ခဲဖိုးပိုက်ဆံတွေ ဖောက်ကြည့်ပြီး တစ်ထောင်တန်
ဆို ပြန်လဲခိုင်းကြတယ်။ အနည်းဆုံးငါးထောင်တန်
တွေရအောင်တောင်းကြတာ။ တမင်သက်သက်ကို
တောင်းနေကြတာ။

"ငါတို့နှစ်ယောက်သွားတောင်းရအောင်..သူတို့
မပေးရင် ခလောက်သံမတိတ်အောင်လုပ်မယ်"

ကသစ် နေခြည် ပြောလာတဲ့စကားကို သေချာ
နားထောင်နေရသည်။ ကယန်းထုံးစံတွေလုပ်ကြတာ
အရေးမကြီးဘူး..ငွေတွေတော်တော်အကုန်ခံနေရ
တယ်။ ပေးလိုက်ရတဲ့ခဲဖိုးတွေက အဆင့်ဆင့်။
အခုလည်း ခဲဖိုးမပေးရင်ခလောက်သံ မရပ်ဘဲနေ
မယ်လို့ နေခြည် ပြောနေပြန်တယ်။

"အဲ့လိုလုပ်လို့ရလား"

"ရတာပေါ့ ကသစ်..လာ..လာ..
သတို့သားနဲ့သတို့သမီးဆီသွားရအောင်"

ကသစ် လက်ကို အခုထိမလွတ်သေးတဲ့ နေခြည်ကပဲ ခူးပေါလ်လုနဲ့ အဲလ်လိဇဘက် တို့ရှိတဲ့နေရာသို့
ဆွဲခေါ်သွားခဲ့သည်။ သူတို့နှစ်ယောက်အနားရောက်
တဲ့အခါ နေခြည် နွားခလောက်ကိုပို ခါရမ်းပြီး အသံတွေကျယ်အောင် လုပ်ပြတယ်။

"ကဲ..ကဲ..ပေးမယ်နော်..ဒီကနှစ်ယောက်အတွက်စာအိတ်တစ်လုံးပေးမယ်..ခဲဖိုး..ခဲဖိုး..ပေါလ်လု
အရွက်သေးတော့မရဘူးနော်..အရွက်ကြီးမှ"

"ပေးရမှာပေါ့..ကျွန်တော့်အစ်မပဲဥစ္စာ
အရွက်ကြီးတာပေးပါ့မယ်"

နေခြည်နဲ့ကသစ်ကိုကြည့်ပြီး ပေါလ်လု ရယ်နေ
တယ်။ပြီးတဲ့အခါ ကုန်ပြီဆိုပြီး ပြောထားတဲ့အိတ်
ထဲကနေ စာအိတ်လေးနှစ်လုံးကို ထုတ်ပေးလာတယ်။ထိုအခါမှ နေခြည့်လက်ထဲက နွားခလောက်
သံလေးရပ်သွားခဲ့တယ်။ နွားခလောက်ကိုအစောပိုင်းမှာ ကသစ်ကိုင်ထားပေမယ့် ခြံထဲရောက်တော့ နေခြည် ပြန်ဆွဲယူသွားခဲ့တာ။

နေခြည်Where stories live. Discover now