Chapter (25)

4.2K 420 47
                                    

Unicode...

~~~~~

တစ်ယောက်ပြီးတစ်ယောက် မင်္ဂလာဆောင်လိုက်
ကြတာ။အခုတစ်ယောက်ပါရင် ဒီတစ်လထဲမှာ လေး
ယောက်မြှောက် မင်္ဂလာဆောင်တဲ့သူ။

"ဆရာငယ်တို့ ..စားနော် များများထည့်စား
ကျမတို့ ကယားလူမျိုးတွေရဲ့အစားအစာကျတော့
ကယန်းတွေနဲ့နည်းနည်းပဲကွဲတာ "

"အင်းပေါ့... အရသာတွေမကွာပါဘူး
စားကောင်းပါတယ် မော်ဦးမြာ "

"ဒီနေ့ ကျမအရမ်းပျော်တယ်သိလား
လွိုင်ကော်နဲ့ဖားဆောင်းမြို့ ဝေးပေမယ့်
မင်္ဂလာပွဲကိုအရောက်လာပေးတဲ့ ဆရာငယ်တို့ကို
ကျေးဇူးတင်တယ် ၊ဝမ်းလည်းသာတယ် "

"လာရမှာပေါ့ ကျမတို့ကရွာဖက်အထိတောင်
သွားကြသေးတာ.."

"ဟုတ်တယ်နော် ရွာအထိသွားနေရတာ
ရွာမှာဆိုပိုပြီးပျော်စရာကောင်းတယ်"

"ဟုတ်တယ် ပျော်ရတယ်
အင်း..အတူတူပါပဲမော်ဦးမြာရယ်"

မေနဲ့မော်ဦးမြာ ပြောနေကြတဲ့စကားကို ကသစ်
နားပဲထောင်နေမိပါတယ်။ဖြစ်နိုင်ရင် ဒီလိုပွဲမျိုးနဲ့
အလှမ်းဝေးချင်ခဲ့တာ။ ရိုးရာဟင်းတွေ ၊ခေါင်ရည်တွေ၊ ပြီးရင် ရိုးရာဝတ်စုံအပြည့်ဝတ်ထားတဲ့ လူ
တွေကိုမြင်နေရရင် ကသစ် အဆင်မပြေနေဘူး။
အာရုံထဲတဝဲလည်လည်ပေါ်လာတာ အပြုံးချိုချို
နဲ့ချစ်ဖို့ကောင်းတဲ့ မျက်နှာလေး...
မင်္ဂလာမောင်နှံကိုချည်ပေးတဲ့ ချည်တွေကိုမြင်လိုက်မိရင် ကသစ်ရဲ့စိတ်အခြေအနေတွေ ပိုပြီးဆိုးလာခဲ့တာ။ ငိုချပစ်ချင်တဲ့စိတ်တွေ ပေါက်လာခဲ့တာအမှန်ပဲ။ နေခြည့်ကိုပိုပြီးသတိရလာခဲ့တယ်။ ကသစ်ရဲ့
မပြီးဆုံးသေးတဲ့ တာဝန်ကိုထမ်းဆောင်ဖို့ လွိုင်ကော်
ပြန်ရောက်တာ လအနည်းငယ်ကြာနေပြီ။ဘယ်ကိုမှ
မသွားဖြစ်တော့သလို သွားချင်စိတ်လည်းမရှိ။
မသွားချင်ပေမယ့် ဆေးရုံက Nurse တွေတစ်ယောက်ပြီးတစ်ယောက် မင်္ဂလာဆောင်နေကြလို့
ပွဲရှိတဲ့နေရာကို ရောက်အောင်လာခဲ့ပေးတာ။ခေါင်ရည်ကြိုက်တတ်တဲ့ နေခြည့်ကို ဒီလိုနေရာမျိုး
ရောက်ရင် ပိုပြီးသတိရလာတတ်တယ်။အတွေးတွေကိုအမြန်ဆုံးဖြတ်တောက်ပစ်ခဲ့သည်။ တွေးမိတိုင်း
ရင်နာရလေပဲဖြစ်နေလိို့ မတွေးမိအောင်နေချင်ပါတယ်။
သို့ပေမဲ့ နေ၍မရ...

နေခြည်Where stories live. Discover now