Chapter (5)

4.1K 453 14
                                    

Unicode...

~~~~~

ကယားပြည်နယ်နေ့ ဖြစ်တာကြောင့် ကသစ် ဒီမနက်
အစောကြီးထပြီး အခမ်းအနားတက်ဖို့ ပြင်ဆင်နေရသည်။ နိူင်ငံတော်ရဲ့အကြီးအကဲတွေတက်ရောက်မှာ
ဖြစ်သလို ဌာနဆိုင်ရာက လူကြီးတွေလည်းတက်
ရောက်ရမှာဖြစ်တယ်။ ကသစ် တို့ဆေးရုံက ဆရာ
ဝန်နဲ့သူနာပြုတွေ၊ကျန်းမာရေးဝန်ထမ်းတွေ အကုန်တက်ရမှာ။ မနက်(၈)နာရီ အခမ်းအနားစမှာဖြစ်လို့
အပြင်ခံအနွေးထည် အညိုရောင်Long Coat အထူကိုထပ်ဝတ်လိုက်တယ်။ ဇန်နဝါရီလ ဖြစ်တာကြောင့် မနက်ဆိုရင် မြူတွေဆိုင်းပြီး နှင်းတွေကျနေတာမလို့ အရမ်းချမ်းတယ်။
ကသစ် တို့နေတဲ့ မြဝတီမြို့က အဲ့လောက်ထိမအေးဘူး။ ထိုင်းနိုင်ငံနဲ့နီးတဲ့နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တာကြောင့် လူတွေစည်ကားတယ်။
ပြီးတော့ရာသီဥတုက ပူတဲ့ဖက်ကိုရောက်တယ်။

"ကသစ်ရေ..ပြီးပြီလား"

"ပြီးပြီ မေ..ခဏလေး ထွက်လာခဲ့မယ်"

ဆရာဝန်တွေအတွက် သီးသန့်ပေးထားတဲ့ လုံးခြင်း
တိုက်ပုလေးတွေရှိတဲ့ခြံထဲမှာ ကသစ်နဲ့ မေချမ်းပြည့်
တို့နှစ်ယောက်အတွက် အိမ်တစ်လုံးစီ ရထားကြတယ်။ အလုပ်ကိုယ်စီနဲ့ Duty ချိန်မတူကြလို့
မေချမ်းပြည့်နဲ့ ကသစ် မတွေ့ရတာ ကြာနေပြီ။
ဒီနေ့က ကယားပြည်နယ်နေ့ ဖြစ်လို့ နှစ်ယောက်စလုံးရဲ့နားရက်ဖြစ်လို့ ပြန်တွေ့ကြတာ။
ယူစရာရှိတာယူပြီး အခန်းပြင်ကို ထွက်တဲ့အခါ
မေချမ်းပြည့်မှာ ကသစ်ကို ရပ်စောင့်နေတယ်။
သူလည်း ကသစ် လိုပဲချမ်းလို့ထင်ပါတယ် အပြာ
ရောင် Long Coat ကိုဝတ်ထားတယ်။ အသား
ဖြူဖြူ နဲ့ နှာခေါင်းချွန်ပြီး မျက်လုံးတွေလှတဲ့
မေချမ်းပြည့် မှာ ချောတဲ့အထဲမှာပါတယ်။

"ကားနဲ့သွားမယ်မဟုတ်လား ကသစ်"

"ကားယူသွားလို့အဆင်ပြေလား လမ်းကြပ်နေ
မယ်ဆိုရင် လမ်းလျှောက်သွားလည်း ရတယ်
မေ.."

"ဒါဆိုလမ်းပဲလျှောက်ကြမယ်..မြူတွေအုံ့ဆိုင်း
နေတဲ့လမ်းမှာ ကသစ်လမ်းမလျှောက်ဖူးသေးဘူး
မလား.."

"ဟင့်အင်း..မလျှောက်ဖူးဘူး မေ.."

"လာ သွားရအောင် အခုတောင် ခုနှစ်နာရီကျော်
နေပြီ ခုနက လေယာဥ်ဆိုက်သံကြားတယ်
အတိုင်ပင်ခံပုဂ္ဂိုလ်ရောက်နေပြီထင်တယ်"

နေခြည်Where stories live. Discover now