Unicode...
~~~~~~
အချစ်ကချစ်နေဖို့ပဲလိုတာပါဆိုတဲ့စကားက
နှလုံးသားကို ခဏတာနှစ်သိမ့်ထားရုံလေးပါ။~~~~~
ပြန်ဖို့ရက်လေးနီးကပ်လာပြီဖြစ်လို့ ကသစ်ရဲ့စိတ်
တွေတက်ကြွနေသည်။နေခြည် အခုဆိုရင် သူမရဲ့
အလုပ်တွေကို နေသူရနဲ့ခဏအပ်ထားခဲ့ပြီး လွိုင်ကော်မြို့မှာပြန်ရောက်နေပြီလို့ ဖုန်းဆက်ပြောပြ
လာခဲ့တယ်။ဘယ်လောက်ပဲလွမ်းနေပါစေ Video
Call နဲ့ခေါ်လေ့မရှိဘဲ ဖုန်းကိုသာအမြဲဆက်တတ်
တာက သူမရဲ့အကျင့်တစ်ခု...
နေခြည့်ကိုတွေ့ချင်တာပဲသိနေသလို..
သူမအား လွမ်းနေတဲ့ အလွမ်းတွေမှာ အမြင့်ဆုံးဒီဂရီကိုပင် ရောက်လုနီးနေပြီ။တစ်ရက် တစ်ရက်
အားရင်အားသလို ဖုန်းထဲကအသံနဲ့ နှစ်သိမ့်နေခဲ့
ရတာ ဘယ်နှစ်ရက်များရှိနေပြီလဲလေ.."သမီး ကသစ်ပျို.."
"ရှင် ဖေဖေ "
ကသစ် အနားကိုရောက်လာတဲ့ ဖေဖေ..
ဖေဖေရဲ့လက်ထဲမှာ ကော်ဖီခွက်လေးတစ်ခွက်ကိုင်
ထားတယ်။ညနေခင်းရောက်နေပြီဆိုပေမယ့် ရေချိုး
ပြီးတဲ့အချိန်တိုင်း ကော်ဖီပူပူတစ်ခွက်ကို သောက်
တတ်တယ်။ ကသစ်နဲ့သွန်းဆက်ချို သိတတ်စအ
ရွယ်ကစပြီး သောက်လာခဲ့တာ အခုချိန်အထိပါ။"သမီးကိုကြည့်နေတာကြာပြီ ဘာတွေများ
စဥ်းစားနေတာလဲ..ခြံထောင့်ကပန်းပင်တွေကို
ငေးနေတာအကြာကြီးပဲနော် ""အဲ့လိုပါပဲ ရောက်တတ်ရာရာ စဥ်းစားပြီး
ငေးနေမိတာပါပဲ ""သမီး လွိုင်ကော်မှာ ဘယ်အထိနေမယ်
စိတ်ကူးထားသလဲ..ဒီကိုပြန်နေဖို့ရော
တွေးထားပြီလား "ကော်ဖီကိုတစ်ငုံသောက်ရင်း ကသစ်ဘေးမှာ
ဖေဖေ လာထိုင်တယ်။ ကသစ် ငယ်စဥ်ကလို
ဖေဖေ မနုပျိုတော့ပေမယ့် မျက်လုံးထဲမှာ အရင်လို
ကြည့်ကောင်းပြီးခန့်ညားနေဆဲပါ။"အခုမှတစ်နှစ်ကျော်ရုံလေးရှိပါသေးတယ်
ဖေဖေ..နေသားကျခါစပဲရှိသေးတာဆိုတော့
ပျော်သလောက်နေချင်ပါသေးတယ်..ပြီးတော့
ပထမဆုံးအလုပ်ကျတဲ့နေရာဖြစ်တာမလို့
သံယောဇဥ်တွေဖြစ်နေပြီလေ..ဆက်ပြီးတာဝန်ထမ်းဆောင်ဖို့စိတ်ကူးထားတယ်၊ဖွံ့ဖြိုးခါစပြည်နယ်လေး
ဖြစ်လို့ ပိုပြီးတိုးတက်လာအောင်စွမ်းဆောင်ချင်
သေးတယ် ဖေဖေ"
YOU ARE READING
နေခြည်
Romanceငါတို့နှစ်ယောက်ကလေ .. ကမ္ဘာမြေနဲ့ကောင်းကင်ယံကကြယ်တွေလိုပဲ မြင်တွေ့နေခွင့်ရတယ် .. ဆုံစည်းခွင့်မရဘူး။