Chapter (6)

3.8K 404 17
                                    

Unicode...

~~~~~

"အင်း..."

"ယစ်....အား.."

ရှိသမျှအကြောတွေကိုဆန့်ထုတ်ရင်း မျက်လုံးကိုမနည်းဖြဲပြီးဖွင့်ခဲ့သည်။

"အင်း..မွှေးလိုက်တာ"

နှာခေါင်းထဲတိုးဝင်လာတဲ့ ဟင်းနံ့သင်းသင်းလေး

"ဟာ..နောက်ကျပြီထင်တယ်"

နာရီကြည့်လိုက်တော့ 10 AM
နောက်ကျတာထက်ဆိုးတယ်..

"ကျွတ်..ဟာကွာ.."

ဒီအချိန်ထိအိပ်ပစ်တဲ့ကိုယ့်ကိုကိုယ် စိတ်ဆိုးမိတာ
ဒီတစ်ကြိမ်သာရှိသည်။ ညတုန်းက ကခုန်ထားတဲ့
ခြေထောက်တွေ အခုတော့ အညောင်းမိနေပြီ။
ညောင်းနေလို့တော့မပြီးသေး..
သွားစရာနေရာရှိနေသေးတယ် မဟုတ်လား...
ဆောင်းတွင်းကြီးမှာ ရေနွေးနွေးလေးနဲ့ရေချိုး
ခေါင်းလျှော်လိုက်မှ အညောင်းပြေခဲ့သည်။

အိမ်အောက်ထပ်ဆင်းလာခဲ့ပြီး ဟင်းအနံ့လေး
သင်းနေတဲ့ မီးဖိုရှိရာကို လာခဲ့သည်။
မီးဖိုမှာ တကုတ်ကုတ်နဲ့ဟင်းချက်နေတဲ့ မေမေ့
အနောက်မှာ ရပ်ပြီး...

"မေမေ"

မေမေ လှည့်ကြည့်လာတဲ့အခါ ထူးဆန်းစွာနဲ့
မေမေ့ မျက်နှာထက်မှာအပြုံးလေး ရှိနေတာ

"ပြော..နေခြည်.."

"ရပြီလား..."

"ရတာကြာနေပြီလေ ..သွားပို့တော့"

"အင်..ချိုင့်နဲ့ထည့်လိုက်ဦးမယ်"

"သေချာထည့်ယူသွားနော် နေခြည်
ပြီးရင် ဆိုင်ကယ်မယူသွားတော့နဲ့
ဟင်းရည်တွေဖိတ်မှာစိုးလို့ မေမေ့ကားကို
ယူသွား"

"ထူးထူးဆန်းဆန်း ကားတွေဘာတွေပေးလို့"

"မရှည်နဲ့ နေခြည် ယူသာယူသွား"

"အင်းပါ..ယူစေချင်ရင် ယူပါ့မယ်"

"သေချာဂရုစိုက်မောင်းနော်..ပွတ်ရာစင်းရာ
တစ်ခုမှမထင်စေနဲ့"

"စိတ်ချ..ဘာပွတ်ရာမှမထင်စေရသလို
ဘာနဲ့မှလည်း သွားမခြစ်စေရဘူး"

"အေး..ပြီးရော.."

ဟင်းအိုးထဲက ကြက်ပေါင်းကို ချိုင့်ထဲသေချာ
ခူးထည့်ခဲ့တယ်။ဂျင်းနံ့သင်းသင်းလေးနဲ့ ကြက်သားနံ့တွေနှာခေါင်းထဲတိုးဝင်လာတော့ ဗိုက်ထဲဘာမှမဝင်သေးတဲ့ နေခြည် ဗိုက်ဆာလာပြီ

နေခြည်Where stories live. Discover now