Chapter (23)

3K 353 62
                                    

Unicode...

~~~~~

မေ့လိုက်ဖို့ကြိုးစားတော့မယ်ဆိုတဲ့အခါမှ
အမှတ်တရတွေက နေရာတိုင်းမှာ
ပိုပြီးသက်၀င်လာတတ်သလား...။

~~~~~

တစ်ညလုံးမအိပ်ဘဲစောင့်နေခဲ့တာ အခုချိန်အထိ
ဘာသတင်းမှရမလာခဲ့။စိတ်ကဒီထက်ပိုပြီးမရှည်
နိုင်တော့ပါ။အကျိုးအကြောင်းအကုန်သိလိုက်ရလို့
ကသစ်ရဲ့ညီမ သွန်းဆက်ချိုကိုပဲ စိတ်ဆိုးတာ။
ကသစ်ပျိုသာတစ်ခုခုဖြစ်သွားရင် သွန်းဆက်ကို
နေခြည် တစ်ခုခုလုပ်မိမှာ သေချာသည်။
နေဇင်ကိုကို ဆိုတဲ့အကောင် ကသစ်ပျိုကို ပြန်လည်
ရယူဖို့ကြိုးစားနေတယ်ဆိုတာ သိရက်သားနဲ့ ကား
တစ်စီးတည်းအတူစီးစေသတဲ့လေ။ အခုတော့
ကသစ်ကိုဘယ်ခေါ်သွားမှန်းမသိ။တစ်ခုခုလုပ်မှာကို
ပဲစိုးရိမ်တယ်။ ဖြစ်နိုင်ရင် ကသစ်ရှိတဲ့နေရာကို
လိုက်သွားချင်မိတယ်။ ချစ်သူကို သူတစ်ပါးလက်ထဲမှာ ဆံချည်တစ်မျှင်လေးပင် အထိမခံချင်ပါ။

သဝန်တိုတယ်ဆိုတာ ချစ်လွန်းလိို့...
ဆုံးရှုံးရမှာ ကြောက်လို့ သဝန်တိုမိတာ..
မယုံကြည်လို့ မဟုတ်ရပါ။

တန်ဖိုးထားပြီး ချစ်ရတဲ့ချစ်သူလေးမှာ အခုတော့
ဘယ်နေရာကိုရောက်နေမှန်းပင်မသိ။ညတွင်းချင်း
လိုက်သွားချင်တဲ့စိတ်တွေဖြစ်လာခဲ့ပေမယ့် ချက်
ချင်းရောက်နိုင်တဲ့နေရာလည်းမဟုတ်တော့ စိတ်ကို
လျော့ထားနေရသည်။

"နေခြည်"

"----------"

"နေခြည်...နင့်​စိတ်တွေခဏလောက်တော့...
​လျော့ထားစေချင်တယ်ဟာ"

"အင်း..."

ခပ်တင်းတင်းဆုပ်ထားတဲ့ နေခြည့်ရဲ့လက်သီးဆုပ်
ကို သူမရဲ့လက်တွေနဲ့ ဖြေလျော့ပေးနေတဲ့ နန္ဒာ..

"လက်ကိုအရမ်းကြီးဆုပ်မထားနဲ့လေ..
နင့်လက်မှာဒဏ်ရာရှိတယ် "

"ငါ.. ဘာမှမသိတော့ဘူး နန္ဒာ..
ငါ ကသစ်ပျိုကိုစိတ်ပူတာပဲသိတယ်ဟာ "

နန္ဒာ မှာ ကသစ်သတင်းကိုကြားကြားချင်း စိတ်ပူ
လွန်းလို့ နေခြည့်အနားကနေမခွာခဲ့။သွန်းဆက်ကို
တစ်ညလုံးရွတ်နေခဲ့တာ နေခြည့်ထက်ပင် သူက
ပိုပြီးလို့တောင် စိတ်ဆိုးနေခဲ့တာ။

နေခြည်Where stories live. Discover now