Chapter (21)

3.4K 359 13
                                    

Unicode...

~~~~~

"ဝူး..."

"ဝေါ..."

နှမြောသသစွာ လုံးတုံး စီးထွက်သွားတဲ့ နေခြည်ရဲ့
စီးတော်ယာဥ် Honda CB120လေးကိုငေးမော
ကြည့်နေခဲ့သည်။ထိုကြက်သွေးရောင်ဆိုင်ကယ်ကြီး
ကိုမှ မရရင်သေလုမတတ်ဖြစ်နေသော လုံးတုံး ကြောင့် မရောင်းချင်ဘဲရောင်းပေးခဲ့ရသည်။

"နှမြောနေတာလား နေခြည် "

"အေးဟာ.."

"နှမြောမနေနဲ့ နင်စီးထားတာ
နှစ်နှစ်လောက်ရှိနေပြီ "

ဆိုင်ကယ်ကို လုံးတုံးဆီ​ရောင်းပြီး Model မြင့်တာ
ပြန်ဝယ်ဖို့တက်ကြွစွာအားပေးခဲ့တဲ့ နန္ဒာစိုးနဲ့ပြည့်စုံ
တို့နှစ်ယောက် လုံးတုံးပေးခဲ့တဲ့ပိုက်ဆံကို ရေတွက်
ရင်းမေးလာကြတာ..

"ငါ ထပ်မှာထားပါပြီ..
အခုတစ်စီးထက်ပုံပိုပြီး မိုက်ပါတယ်..
နှစ်နှစ်တောင်စီးထားတာဆိုတော့ သံယောဇဉ်
ဖြစ်တာတစ်ခုပါပဲ "

"နင်သံယောဇဥ်ထားရမှာ..နင့်ရဲ့ချစ်သူကိုပဲ
နေခြည်..အဲ့ဒါသက်မဲ့ပစ္စည်း "

တစ်သောင်းတန်တစ်ထပ်ကိုရေတွက်ရင်း နေခြည့်
ကိုစွာနေတဲ့ ပြည့်စုံအားမျက်စောင်းသာထိုးပစ်ခဲ့
သည်။
သူပြောမှသိရမှာလား ကသစ်ပျိုဆိုတာ နေခြည့်အတွက် Limited Edition ဖြစ်တာမလို့တန်ဖိုးရှိတယ် ။
ထုတ်ကုန်မဟုတ်..
ရှားပါးသော အဖိုးတန်ချစ်သူ...
အနှိုင်းမဲ့ချစ်သူ..

"လာမပြောနဲ့ ပြည့်စုံ
ငါ့ဆိုင်ကယ်ကိုငါသံယောဇဥ်ဖြစ်တာက
နှစ်နှစ်လုံးလုံးစီးလာခဲ့လို့ပါ..အနားမှာအမြဲရှိပြီး
လိုရာခရီးကိုအရောက်စီးနှင်ခဲ့တဲ့ ငါ့ရဲ့ဆိုင်ကယ်လေးပါ..အဲ့ဒါကြောင့် နှမြောတာပါ..နှမြောလည်း
ခဏပေါ့ဟာ..ငါပြန်ဝယ်ဖို့လုပ်ထားပြီလေ.."

"အေး..ငါလည်းအဲ့ဒါပဲပြောတာပါ.."

"ကသစ်ပျို ကျတော့မတူဘူးနော်..
သူက Limited Edition..
ရှားပါးတဲ့အဖိုးတန်လေး..ငါ့ရဲ့ချစ်သူ
ငါ့ရဲ့ဘဝ ၊ငါ့ရဲ့ခန္ဓာ ၊ ငါ့ရဲ့အလုံးစုံသော
စိတ်နှလုံးကိုသိမ်းပိုက်နိုင်တဲ့ တစ်ယောက်တည်း
သောချစ်သူ..သူ့ကိုငါအရမ်းချစ်တယ်
ဆိုင်ကယ်ကိုရောင်းပြီးပြန်ဝယ်တာရပေမယ့်
ကသစ်ပျိုဆိုတာ ဝယ်လို့မရဘူး "

နေခြည်Where stories live. Discover now