Chapter (24)

3.4K 392 54
                                    

Unicode...

~~~~~

ခန်းမကြီးထဲမှာ ပြည့်နှက်နေတဲ့လူတွေများလေလေ
ကသစ်ရဲ့ ရင်ထဲမှာကြိတ်ပြီးပျော်လေလေပါပဲ...
ရွံရှာစက်ဆုတ်ဖို့ကောင်းတဲ့ ယောကျာ်းတစ်ယောက်
ရဲ့လက်ကို မသတီပေမယ့် ချိတ်ဆွဲထားခဲ့တယ်။
ရင်ထဲမှာ အမုန်းတွေ..အငြိုးတွေ မုန်တိုင်းသဖွယ်
ပြင်းထန်နေဆဲ...

လိုချင်တာကိုရအောင်ယူလိုက်ရလို့ ပျော်ရွှင်နေတဲ့
နေဇင်ကိုကို ဆိုသော ထိုလူရဲ့အပျော်တွေ ဘယ်အ
ချိန်အထိ တာရှည်ခံနိုင်မှာလဲ။ပြုံးရယ်ပြီး ပွဲလာတဲ့
ဧည့်ပရိသတ်တွေကို ပျော်ရွှင်စွာနဲ့ ထိုလူက နှုတ်
ဆက်နိုင်ပေမယ့် ကသစ်မှာတော့ ဟန်ဆောင်ထားတဲ့
အပြုံးတုတွေပဲရှိတယ်။

"ရရဲ့လား သမီးကြီး.."

"ရပါတယ် မေမေရယ်..."

ညကတည်းက ဘာအစာမှမဝင်ထားတဲ့ ဗိုက်ကို
မေမေ ဖျော်လာပေးတဲ့ နို့တစ်ခွက်ဖြင့်သာ နှစ်သိမ့်
ထားခဲ့သည်။
ဖြစ်နိုင်ရင်ဘာကိုမှမစားချင် မသောက်ချင်ပါ ။
မေမေစိတ်ဆင်းရဲနေမှာစိုးလို့ သောက်ပေးခဲ့ရတာ။

"တစ်ခုခုစားပါဦးလား ကသစ် "

"ရပါတယ် နေဇင်ကိုကို
ကျမ ဘာတစ်ခုမှစားချင်စိတ်မရှိလို့ပါ "

ကသစ်ရဲ့လက်ကိုတစ်ချိန်လုံးလာကိုင်နေတဲ့ လူရဲ့
လက်အား ခါထုတ်လိုက်တဲ့အခါ မျက်နှာပျက်သွားပြီး ခေါင်းငုံ့၍ငြိမ်သွားရှာသည်။ အသားကိုပင်ဆက်
ပြီးအထိမခံချင်။နေဇင်ကိုကိုဘယ်လောက်ပဲမျက်နှာ
ပျက်သွားခဲ့ပါစေ ရင်ထဲမှာ ဘယ်လိုမှခံစားလို့မရ..

"ပွဲလေးပြီးတဲ့အထိ စိတ်ရှည်ပေးပါနော် ကသစ်
ကိုကိုတောင်းပန်ပါတယ် "

"အဟင်း...ကျမသဘောပါ.. နေဇင်ကိုကို "

"ကသစ်ရယ်..ကိုကို တောင်းပန်ပါတယ်နော်"

လုပ်ချင်တာလုပ်ပြီး တချိန်လုံးတောင်းပန်တဲ့စကား
တစ်ခွန်းကိုသာ နှုတ်မှာဆောင်ထားသလား အောက်
မေ့နေရတယ်။
ရင်ထဲမှာနာကျည်းလွန်းလို့ နေဇင်ကိုကို အားအစိတ်
စိတ်အမွှာမွှာဖြစ်အောင် ဓါးဖြင့်နှုတ်နှုတ်စင်းပစ်ချင်သည်။

နေခြည်Where stories live. Discover now